အခန်း(၆၅)

1.8K 163 4
                                    

အခန်း(၆၅)

ရရှိခြင်း၊ ထပ်တွေ့မယ်။

 

နောက်ဆုံးမှာတော့  Duanmu Yao မှာ သူမကိုယ်သူမ အရှက်ခွဲနေမှန်း သဘောပေါက်သွားတယ်။ Han Yunxi က ခြံဝန်းထဲက တစ်ခေါက်တောင် ထွက်မလာခဲ့ပဲ နံရံရိုက်တစ္ဆေလဲ ရှာတွေ့သွားပြီ။ သူမက တမင်အချိန်ဆွဲထား ပြီး တောင်ပေါ်မှာ သူမကို အရူးတစ်ယောက်လို ပြေးလွှားနေရအောင်လုပ်ထားတာ။

“Han Yunxi  နင် နင်…”Duanmu Yao မှာ အရှက်ကွဲပြီး စိတ်ရှုပ်စွာ Han Yunxi အား လက်ညှိုးထိုးရင်း ဒေါသထွက်လွန်းသောကြောင့် စကားဆက်မပြောနိုင်ဖြစ်နေသည်။ “နင့် ..နင် လှည့်စားတာပဲ။ နင်က သမားတော်မိသားစုက ဆင်းသက်လာတော့ ဆေးပင်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိမှာပေမယ့် ငါကဘာမှမသိဘူး။ ဒါက မတရားဘူး။ ငါလက်မခံနိုင်ဘူး။"

Han Yunxi မှာ ထိုမင်းသမီးက သူမ၏စကားများအား တာဝန်ယူမည့်သူမဟုတ်မှန်း မျှော်လင့်ထားပြီးသားပင်။ သူမက ဆေးလုံးမိစ္ဆာအရှင်အား ကြည့်လိုက်သည်။ “ဆေးလုံးမိစ္ဆာအရှင် ရှင်က အမှန်တရားဘက်က ရပ်တည်ရမယ်လေ။"

ယခုအချိန်တွင် ဆေးလုံးမိစ္ဆာ၏ မျက်လုံးမှာ သူမအားမည်ကဲ့သို့ကြည့်နေပါစေ သူမ ကျေနပ်နေသည်။ ဆေးလုံးမိစ္ဆာ၏ ထူးဆန်း၍ မရေရာသော သတိပေးသံမှာလည်း ထွက်ပေါ်လာသည်။

“ဟီးဟီးဟီး မင်းသမီးChangle  ပြိုင်ပွဲမစခင်က စည်းမျဥ်းတွေက အရမ်းမျှတတယ်လို့ မင်းပဲ ပြောခဲ့တာလေ။ အခုမှ ဒီစကားတွေပြန်ရုတ်သိမ်းမယ်ဆိုရင် ဒီသခင်ကြီးက အရမ်းကို မပျော်မရွှင်ဖြစ်ရလိမ့်မယ်။”

Duanmu Yao မှာ ကိစ္စရပ်များ၏ ရှုပ်ထွေးမှုများအား နားမလည်နိုင်ပဲ ဆက်လက် ငြင်းခုန်ချင်နေသော်လည်း Duanmu Baiye က သူမအား လက်ကောက်ဝတ်မှ တင်းကျပ်စွာ ဆွဲကာ နောက်သို့ ပို့လိုက်သည်။ “တော်လောက်ပြီ။ ဒီနေရာက ပြသနာရှာရမယ့် နေရာမဟုတ်ဘူး။"

ဆေးလုံးမိစ္ဆာမှာ ကြောင်တောင်တောင်ဟန်ရှိသော်လည်း စကားများကောက်ကျစ်သောသူဖြစ်ပြီး အလွယ်တကူရန်စ၍ရသောသူ မဟုတ်ပေ။ Duanmu Baiye မှာ တစ်ကြိမ်အရှက်ကွဲပြီးနောက် ထပ်မံ သူ၏နာမည်ဂုဏ်သတင်းအား အဆုံးရှုံးမခံနိုင်တာကြောင့် ကြီးကြီးမားမား ပြသနာရှာကာ အလောင်းအစားမလုပ်နိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now