အခန်း(၁၄)

2.3K 227 0
                                    

အခန်း(၁၄)

ယုံကြည်မှု မရှိခြင်း။



သွေးစွန်းနေတဲ့ ပုဝါက ဝမ်ရယ်နဲ့ ရှိနေတာလား။ အစေခံအိုကြီးက မယုံကြည်နိုင်ဖြစ်သွားသည်။

ဒါဘယ်လိုဟာသမျိုးလဲ။

ညတုန်းက ဝမ်ရယ် ပြန်လာတာ ဘယ်သူမှမသိဘူး။ ဒီမိန်းမကို ခေါက်ရမ်းခြံဝန်းက နှင်မထုတ်တာတောင် ထူးဆန်းနေပြီ။ သူမနဲ့ အတူတူ လမ်းလျှောက်လာပေမယ့် ဝမ်ရယ်က အကြီးအကဲကို ဂါရဝပြုဖို့ လာတယ်ပဲ ထင်ခဲ့တာ။

ဘယ်လိုလုပ်ပြီး ဝမ်ရယ်က ဒီမိန်းမနဲ့ အာ့လို… အာတာကို လုပ်ပြီး သွေးစွန်းတဲ့ပုဝါ ယူလာရတာလဲ။ ဒီမိန်းမ လိမ်နေတာလား။ ဝမ်ရယ်ရှေ့မှာတောင် လိမ်ရဲတယ်ပေါ့။ ဒီမိန်းမ သေချင်နေတာလား။

အစေခံအိုကြီးက အတွေးရှုပ်နေပြီး ထပ်မမေးရဲပဲ ချင်ဝမ်ရဲ့ အဖြေကို စောင့်နေလိုက်တယ်။

Long Feiye ဟာ စောင့်ဦး ဆိုသည့် အကြည့်တစ်ချက်ပေးပြီး ပြန်လှည့်သွားတယ်။

သက်သေသွားယူမလို့လား။

အစေခံအိုကြီးက မထိန်းနိုင်ပဲ သူမ ပါးစပ်ကို ကာလိုက်ပြီး အဝေးမှာ ချောင်းကြည့်နေတဲ့ Murong Wanru ကိုလှမ်းကြည့်လိုက်သည်။

Han Yunxi ဟာလဲ သူမကို စူးစိုက်ကြည့်လိုက် သော်လည်း တစ်ယောက်တစ်လေမှမတွေ့မိပေ။

“မင်း….မင်းတို့ နှစ်ယောက်” အစေခံအိုကြီးက အလွန်ကို တုန်လှုပ်သွားသည်။

သူမပုံစံက သူမတို့ကပင် ဖောက်ပြန်နေတဲ့ စုံတွဲဖြစ်နေသယောင်။ Han Yunxi ဟာမျက်လုံးတွေကိုလှန်လိုက်ရင်း ဝါးခြံစည်းရိုးလေးကို မှီလိုက်တယ်။  အမှန်တကယ်တော့ သူမလဲ ယုံကြည်ချက်မရှိဘူး။

Long Feiye က သွေးပေနေတဲ့ အဝတ်ယူလာမလား မလာဘူးလားဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။ မနေ့ညက သူမနဲ့ အတူတူလိုက်ပြီး ဂါရဝပြုဖို့ သေချာအောင်လုပ်ထားပေမယ့် ဒီကိစ္စကို သူမ မေ့သွားတယ်။ တကယ်လို့ သွေးပေနေတဲ့ ပုဝါသာမရှိရင် သူမနဲ့ သူပါလာတာလဲ အလကားဖြစ်သွားလိမ့်မယ်။

သွေးပေနေတဲ့ ပုဝါလို ဟာမျိုးကပဲ သူ သူမကိုလက်ခံ တယ်ဆိုတာ သက်သေပြနိုင်မှာ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now