အခန်း(၉၄)

1.5K 153 0
                                    

အခန်း(၉၄)

ဖြေကြားရန် ဖိအားပေးခံရခြင်း။ မဒမ်Li မှ စကားစလာရခြင်း။

 

ချင်ဝမ်ဖေးဆိုတာ တုနှိုင်းမဲ့သည့် ဘွဲ့ထူး ဖြစ်သော်လည်း Han Yunxi အတွက် အဆုံးမရှိသော ကန့်သတ်ထိန်းနှောင်ခြင်းများသာ ဖြစ်သည်။ သူမက ဒါကို အစောကြီးတည်းက နားလည်ထားတယ်။ သခင်မXuခြိမ်းခြောက်တာက ထိရောက်ပေမယ့် အသစ်အဆန်းမဟုတ်တာတော့ စိတ်မကောင်းစရာပဲ။

သို့တိုင် သခင်မXu က ကစားချင်နေမှတော့ သူမက စိတ်မကွက်ပဲ အဆုံးထိကစားပေးရမှာပေါ့။

သူမ ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ ဒုတိယမဒမ် ဟန်အိမ်က ဒီလောက် ကမောက်ကမဖြစ်နေတာကို ရှင်က ကျွန်မ မူဖေးရဲ့ စိတ်အခြေအနေကို စိုးရိမ်ပေးဖို့ အချိန်ရှိသေးတယ်။ ကျွန်မက ဒုတိယမဒမ်ရဲ့ စေတနာကို သေချာပေါက် မူဖေးဆီ လွှဲအပ်ပေးမှာပါ။"

သူမ စကားများကြောင့် သခင်မXu မှာ စဥ်းစားမိသွားတယ်။ Han Yunxi က ဘာပြောချင်တာလဲ။ သူမက မကြောက်တာတော့ မဖြစ်နိုင်ဘူးမလား။ သူမက ဘာလို့ ဒီမူဖေး.. ဟိုမူဖေး ဆိုပြီး ရင်းနှီးပြနေတာလဲ။

တည်ငြိမ်အေးဆေးနေသော Han Yunxi မှာ ထပ်မံပြောလိုက်သည်။ “ဒီဦးလေးတွေက သိုလှောင်ရုံသော့နဲ့ ဟန်မိသားစု ဆက်ခံသူအတွက် အရမ်းစိတ်ပူနေရင် နောက်တစ်ခေါက် လာတဲ့အခါ သူတို့က ကျွန်မအဖေရဲ့ အကျဥ်းထောင်ကို ရိုးရိုးရှင်းရှင်းပဲ  သွားသင့်တယ်လို့ ဒုတိယမဒမ်က ပြောလိုက်သင့်တယ်။ သူက မကွယ်လွန်သေးဘူး။ အိမ်တော်ခေါင်းဆောင်အတွက်က သူ့ရင်ထဲမှာ  ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီး ဖြစ်မှာပဲ။ ဗိုက်ပြည့်အောင်စားထားတဲ့သူတွေက ဘာမှလုပ်စရာမရှိတာနဲ့ နာကျင်မှာကို စိုးရိမ်နေစရာမလိုဘူး။"

ယခုလေးတင် သခင်မXuက Han Yunxi အား ပုတ်ခတ်ပြောဆိုနေသော်လည်း ယခုတွင်မူ Han Yunxi မှာ ပိုးစာအား ညွှန်ပြကာ ကျိုင်းကောင်အား အနိုင်ကျင့်သလို ဖြစ်နေသည်။ သခင်မXuက ဘယ်လိုလုပ် တည်ငြိမ်စွာ ထိုင်နေနိုင်တော့မှာလဲ။ Han Yunxi က Han Congan အားပင် ထည့်ပြောလာမည်ဟု သူမ မထင်ထားဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now