အခန်း(၁၀၅)

1.6K 141 6
                                    

အခန်း(၁၀၅)

လက်ဖက်ရည်ဆိုင်..နောက်ထပ် သဲလွန်စတစ်ခု ပေါ်လာခြင်း။

Long Feiye….

အဲ့တာက တကယ်ကို Long Feiye ပဲ။ တတိယမဒမ်က Long Feiye နဲ့ ဘယ်တုန်းကမှ လူကိုယ်တိုင် မတွေ့ဖူးသေးပေမယ့် သူမက သူနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေပြီ။ ပြီးခဲ့သည် နှစ်လအတွင်းမှာ Long Feiye က သူမရဲ့ လက်အောက်ငယ်သားများစွာ ကိုသတ်ပစ်ခဲ့ပြီး  အဆိပ်ခြင်အုပ်တွေကို ထိန်းချုပ်နိုင်သည့် သူမ၏ အရည်အချင်းအရှိဆုံးနဲ့ အထူးခြားဆုံး အကြီးတန်း တပည့်တစ်ယောက်ပင် ပါသွားခဲ့သည်။

သူမက သူ့ကို ဘယ်လိုလုပ် မမုန်းပဲ နေနိုင်မှာလဲ။

တတိယမဒမ်မှာ အလျင်စလို ထွက်သွားပြီး Long Feiye နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော်လည်း သူမ၏ ကျိုးကြောင်း ဆီလျော်သော တစ်ဖက်ခြမ်းက မလုပ်သင့်ကြောင်း သေချာသိနေသည်။ အကယ်၍ သူမ ထိုလူအား သတ်ဖြတ်နိုင်ခြင်းမရှိလျှင် သူမကိုယ်သူမသာ ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ဒီနှစ်များအတွင်း မြောက်ပိုင်းLi၏ အားထုတ်မှုများမှာ အချည်းအနှီး ဖြစ်သွားနိုင်သည်။ ယခင်က  Han Yunxi ရောက်လာချိန်တွင် သူမ၏ အစောင့်အကြပ်များမှာ အဘယ်ကြောင့် သူမ(Han Yunxi)အား ရင်ဆိုင်ရန် မလှုပ်ရှားလဲ ဟု ပဟေဌိဖြစ်နေသည်။ ယခု Long Feiye ပါ ရောက်ရှိလာခြင်းကြောင့်ဆိုတာ နားလည်သွားသည်။

သူမရဲ့ အစောင့်တွေက မလှုပ်ရှားတာမှန်တယ်။ မဟုတ်ရင် သူမ သံသယတွေကို ဘယ်တော့မှ ဖယ်ရှားနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘာလို့ Long Feiye  က Han Yunxi ကို အဖော်လုပ်လိုက်လာပေးရတာလဲဆိုတာ သူမနားမလည်နိုင်ဘူး။ သူက အဲ့ဒီ မိန်းမကို သဘောမကျဘူးလား။ သူမက Mu Qingwu ၏ အဆိပ်ကို ဖြေပေးလိုက်နိုင်တာကြောင့် သူ့ဆီက ယုံကြည်မှု ရသွားတာလား။

ဒီအဆိပ်ကျွမ်းကျင်နေတဲ့ Han Yunxi က Long Feiye ရဲ့ ရန်သူ့ အတွင်းလူ ရှာဖွေတဲ့ စုံစမ်းရေးမှာ အတိုင်းအတာတစ်ခုအထိတောင် ကူညီပေးနိုင်နေတာလား။ သို့မှသာ အဆိပ်နဲ့ ပတ်သက်ပြီး နားမလည်တဲ့Long Feiye က သူမရဲ့ အကြီးတန်း တပည့်ကို သတ်နိုင်လိမ့်မယ်။ သူမ  သေဆုံးသွားမှုရဲ့ အဓိက လက်သည်က Han Yunxi တောင် ဖြစ်နေမလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now