အခန်း(၅၆)

1.9K 187 8
                                    

အခန်း (၅၆)

ဖိအားပေးခြင်း။ မင်းရဲ့အရှင်နဲ့လိုက်ခဲ့ရမယ်။

 

Han Yunxi ဟာ ဆေးညွှန်းအား ဧကရာဇ်ထံ ပေးလိုက်ပြီး အသက်သွေးဆေးလုံး၏ အရေးကြီးမှုအား သေချာရှင်းပြလိုက်သည်။ Han Yunxi မှာ ဧကရာဇ်Taihui သည် ဆေးလုံးအား ရနိုင်ရင်တောင် ၁၀ရက်မှ လဝက်လောက်ကြာနိုင်တာကြောင့် တိတ်တိတ်လေး ကျေနပ်နေသည်။ ထိုအချိန်တွင် သူမက ချင်ဝမ်အိမ်တော်ပြန်ပြီး အနားယူရမယ်။ သူမက ဒီလောက်လေးလံသည့်တာဝန်အား ထမ်းပိုးထားရတာ ကြင်ယာတော်ကြီးYiနဲ့ Murong Wanru က သူမကို ဘယ်လိုဆက်ဆံရဲမလဲဆိုတာ ကြည့်ရဦးမယ်။ ထို့အပြင် သူမက တော်ဝင်သမားတော်Guအား ရှာရန်အကြောင်းပြချက်ဖြင့် တော်ဝင်သမားတော်ခြံဝန်းအား လွတ်လွတ်လပ်လပ်ဝင်ထွက်လို့ရပြီ။

အဲ့ဒီမှာ ဆေးစာအုပ်များစွာရှိပြီး ကောင်းမွန်သည့် ဆေးပစ္စည်းများလည်း ရှိနေသည်။ သူမ အတွက်တော့ ပြည့်စုံတဲ့   Taobao  သိုလှောင်ရုံလိုပဲ။ ဆေးညွှန်းပို့ဆောင်ပြီးနောက် သူမအသက်ရှူချောင်ပြီဟုထင်လိုက်သော်လည်း……….

ဧကရာဇ်Taihuiက စာရွက်အား ချလိုက်ပြီး Long Feiye ထံကြည့်လိုက်သည်။ “ချင်ဝမ် ဆေးမိစ္ဆာတောင်ကြားက သာမာန်မဟုတ်ဘူး။ မင်းက အဲ့ဒီကို ကိုယ်တိုင်သွားသင့်တယ်။" သူ့အသံမှာ ဆွေးနွေးဟန်ရှိပေမယ့် ကြားရတဲ့မည်သူမဆို အမိန့်ဆိုတာသိနိုင်သည်။

Long Feiye ၏ မျက်နှာမှာ ရေခဲများအေးခဲနေသည့် ဟန်ဆောင်မျက်နှာထားဖြင့် ခေါင်းငြိမ့်လိုက်သည်။

Han Yunxi မှာ သူ့အား စိုက်ကြည့်လိုက်ပြီး သူ၏ ကံဆိုးအတွက် မတတ်သာပဲ အားရနေမိသည်။ ရေခဲတုံးကြီး အာ… ရေခဲတုံးကြီးရေ မပူပန်ပဲ နေနိုင်နေတယ်ပေါ့။

အခုတော့ ရေကန်ထဲက ငါးဆီကို ကံဆိုးမိုးမှောင်ကျလာတာပဲ။

အသက်သွေးဆေးလုံးက ဝယ်ဖို့မလွယ်ဘူး။ တကယ်လို့ သူက ရမလာရင် အပြစ်တွေအကုန်ခံရတော့မယ်။

“အရှင်မင်းကြီး တော်ဝင်သမားတော်ခြံဝန်းမှာ ဆေးညွှန်းက တစ်ခြားလိုအပ်တဲ့ ပစ္စည်းတွေ အကုန်ရှိတယ်။ Yunxi နဲ့ တော်ဝင်သမားတော်Guက လျင်လျင်မြန်မြန် ပြင်ဆင်နိုင်ပါတယ်။ အသက်သွေးဆေးလုံးရောက်လာတာနဲ့ ကုသမှု စတင်လို့ရပါပြီ။"  သူမရိုးသားစွာပဲ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now