အခန်း(၁၅၄)

1.3K 129 5
                                    

အခန်း(၁၅၄)

ညစ်ပတ်သော နည်းပရိယာယ်။






အချိန်စေ့သွားပြီ။

တောင်ပိုင်းသခင်လေးမှာ ရှစ်ခုမြောက် ခရားပင် မကုန်ပဲ မြောက်ပိုင်းသခင်လေးမှာ ကိုးလုံးမြောက်ခရားအား တစ်ဝက်သာ သောက်နိုင်သည်။ နှစ်ယောက်စလုံးမှာ အမူးလွန်က မြေပြင်တွင် လဲနေကြပြီး Han Yunxi တစ်ယောက်သာ ခရားကိုးအိုးစလုံး သောက်ပြီး မတ်တပ်ရပ်နေနိုင်သေးသည်။

Han Yunxi နိုင်သွားပြီ။

ရှိနေသည့် လူအကုန်လုံးမှာ စိတ်မကူးနိုင်သည့် ကိစ္စဖြစ်ပြီး သူတို့၏ မျက်လုံးအား မယုံကြည်နိုင်ဖြစ်နေကြသည်။ သို့သော် အမှန်တရားမှာ ရှေ့တွင် ရှိနေပြီဖြစ်သည်။ Han Yunxi အား ရှုံးနိမ့်ရန် စောင့်နေကြသူများနှင့် ဘာဖြစ်ဖြစ် စိတ်ဝင်စားမှု မရှိသည့် အမျိုးသားအချို့မှာ သူမအား ယခုအချိန်တွင်မူ လေးစားမှုများဖြင့် ကြည့်နေသည်။

ကြောက်ဖို့ကောင်းလွန်းတယ်…

သူတို့တွေ အကုန်လုံးက အမှန်တကယ်ကို… သည်အမျိုးသမီးဆီမှ ဖိနှိပ်ခံလိုက်ရပြီ။

မင်းသမီး Changping မှာ ပတ္တမြားရောင် ပါးပြင်ဖြင့် တုန်ရင်စွာ ရပ်နေသည်။ အကြောင်းအရင်းတစ်ချို့ကြောင့် သူမက ဖော်ပြ၍ မရနိုင်အောင် နိမ့်ကျသွားသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် Murong Wanru မှာ သူမ၏ နောက်ကျောအား ပုတ်ကာ ခေါ်လိုက်သည်။ “မင်းသမီး..”

ထိုအချိန်မှသာ မင်းသမီး Changping မှာ သတိဝင်လာပြီး သူတို့၏ အခွင့်အရေးရောက်လာပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။ သူမက ချက်ချင်း ဝမ်းသာနေသည့် အမူအရာ ချိတ်ဆွဲလိုက်ကာ ရယ်မောလိုက်သည်။ “ကျွန်မတို့ရဲ့ ချင်ဝမ်ဖေးက အရှုံးပေးလိုက်ရပြီး တော်ဝင်ဦးရီးတော်ချင်ကို မျက်နှာပျက်စေမှာ မဟုတ်ဖူးဆိုတာ သိသားပဲ။ တော်ဝင်အဒေါ်ချင်က သေရည်သောက် ပြိုင်ပွဲမှာ အနိုင်ရတယ်။"

သိမ်းသွင်းခံလိုက်ရသည့် လူအုပ်ကြီးမှာလည်း မင်းသမီး Changping မှလည်း သိမ်းသွင်းခံလိုက်ရပြီဟု ယူဆလိုက်ကြသည်။ သို့သော် Han Yunxi မှာ မတတ်သာပဲ တစ်ခုခုက မူမမှန်ဟု ခံစားနေရသည်။ သို့ရာတွင် ယခုအချိန်တွင် သူမက မူးဝေနေခြင်းကြောင့် မတ်မတ်ရပ်နိုင်ရန်ပင် ခက်ခဲနေသည်။  သို့သော် သူမကိုယ်သူမ သတိကပ်ထားဆဲ ဖြစ်သည်။ မင်းသမီး Changping မှ မြောက်ပိုင်းနှင့်တောင်ပိုင်းသခင်လေးများအား အဘယ်ကြောင့် ဖိတ်ကြားထားသလဲဆိုခြင်းအား သူမမသိသော်လည်း တစ်ခုခုမှာ မှားယွင်းနေသည်ဟု မတတ်သာပဲ တွေးမိနေသည်။ သို့သော်  သူမက ဘာမှန်းလည်း ​မပြောနိုင်ပေ။  အဆုံးတွင် ထိုနှစ်ယောက်မှာ အမူးသမားများဖြစ်နေပြီး ဘာမှ မလုပ်နိုင်လောက်တော့ဟု ဆုံးဖြတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now