အခန်း(၅၁)

1.9K 177 4
                                    

အခန်း(၅၁)

သတ္တိအစွမ်းကုန်ထုတ်ခြင်း။

ကြင်ယာတော်ကြီးနှင့်Murong Wanru မှာHan Yunxi အား ဧကရာဇ်မှ စိတ်ပျက်ကာ အပြစ်ပေးခံရရန် မစောင့်နိုင်ကြတော့ပေ။ အသုံးမကျသူဟု ကြေငြာခံရပြီး ပြန်မလာနိုင်လျှင် အကောင်းဆုံးပင်။ အထူးသဖြင့် သူမအား မောင်းထုတ်ရန် ကောလဟာလများဖြန့်ခဲ့သော Murong Wanru အတွက်မှန်ကန်နေသည်။ သို့သော် ဧကရာဇ်၏ စိတ်ဝင်စားမှုရသွားပြီး ထိုသူမှာ သူမအားရှင်းထုတ်လိုက်လျှင် အကောင်းဆုံးပင်။ ဧကရာဇ်မှ သူမအား Long Feiye နှင့် လက်ထပ်ရန်တွန်းအားပေးခဲ့ပြီးး ဧကရာဇ်မှပင် ဖယ်ရှားလိုက်ပါက ပြီးပြည့်စုံသော ဇာတ်လမ်းပင်။

သူမ Long Feiye အား သတိမမူစွာ ကြည့်လိုက်လျှင် ထိုလူမှာ အေးစက်သောမျက်နှာထားဖြင့် ထိုင်နေတုန်းပင်။ သူက အဖက်လုပ်ဟန်မရှိပဲ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူမ၏ ကံဆိုးမှုအား ကျေနပ်နေလောက်ပြီး သူ၏ တရားဇနီး သူမအား ဖယ်ရှားနိုင်ရန် မျှော်လင့်နေလောက်သည်။

“ လေးစားရတဲ့ဝမ်ဖေး ယခုက ညနက်နေပြီမလို့ ဒီအစေခံကို ဧကရာဇ်က အရင်လာခေါ်စေပြီး ကောင်းကောင်းနားစေလိုက်ပါတယ်။ မနက်ဖြန် မနက်ကျမှ အစေခံက ဝမ်ဖေးကို လာရောက်ခေါ်ဆောင်ပါ့မယ်။"

Xue ကုန်းကုန်းမှာ ထရပ်ကာ ပြောလိုက်ပြီးနောက် ကြင်ယာတော်ကြီးမှ အလျင်စလို “Xueကုန်းကုန်းက ဒီကိုလာဖို့ အားထုတ်ထားရတာ တစ်ခုခု စားသွားပါဦးလား။"

“တော်ဝင်ကြင်ယာတော်ကြီးရဲ့ ကြင်နာမှုကို ကျေးဇူးအများကြီးတင်ပေမယ့် ဒီအစေခံက နန်းတော်ကို သတင်းပြန်ပို့ရပါဦးမယ်။ လေးစားရတဲ့ဝမ်ဖေး , အရှင့်သား ချင်ဝမ် အစေခံက ပြန်ပါဦးမယ်။" Xue ကုန်းကုန်းမှာ သူမအား သတိပေးရန်လည်းမမေ့ချေ။ “မနက်ဖြန်မနက်မှာ အရမ်းနောက်မကျပါစေနဲ့ လေးစားရတဲ့ဝမ်ဖေး။ ဧကရာဇ်မင်းမြတ်က ဝမ်ဖေးကို မနက်ခင်းညီလာခံပြီးတာနဲ့ တွေ့ချင်နေပါတယ်။”

“ကျွန်မ မှတ်ထားပါ့မယ်။ Xueကုန်းကုန်း ဂရုစိုက်ပါ။" သူမ သဘာဝကျစွာ မျက်နှာတွင် အပြုံးများ ပြည့်နေသော်လည်း ရင်ထဲတွင် အေးစိမ့်နေပြီ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now