အခန်း(၃၂)

2K 169 4
                                    

အခန်း(၃၂)

အချိန်နှင့်အပြိုင်ကယ်တင်ခြင်း။

Han Yunxi ၏ ကြောက်ရွံ့သည့်အမူအရာမှာ ပျောက်ကွယ်သွားပြီး ဖော်ပြ၍မရသည့် ဒေါသများဖြင့် အစားထိုးသွားသည်။ သူမက လူသတ်သမားရဲ့မျက်နှာအား ခြေဖြင့်ကန်ရင်း

“ရှင်ဘာပြောတာလဲ။ မင်း..။ မြန်မြန်သွားသေလိုက်တော့။ မြောက်ပိုင်းတရားရုံးက He Ze ကို သွားပြောလိုက် ဒီ ဝမ်ဖေးကမှတ်ထားမယ်လို့။"

သူမကသမားတော် ၊ အဆိပ်သမားတော်။ ဒါကကြားကောင်းအောင်ပြောတာ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမအဆိပ်သခင်ပဲ။ သူမ အဆိပ် ကုသနိုင်တယ်။ သို့ရာတွင်သူမ အဆိပ်ကို ပိုမို ကျွမ်းကျင်စွာအသုံးချနိုင်တယ်။ အနက်ဝတ်လုပ်ကြံသူက သူမကိုဆွဲခေါ်လာချိန်မှာ ကိုယ့်ကိုကိုယ်မကာကွယ်ထားဘူး။ ဒီအခွင့်အရေးကိုအရမယူနိုင်ရင် သူမက ပညာရှင်မဟုတ်တော့ဘူး။

Han Yunxi က သူမတရားရုံးမှထွက်လာတာနဲ့ သူမ သေသေရှင်ရှင် တရားခံပြေးဟု တံဆိပ်တပ်ခံရမှာ သေချာနေပြီ။ အချိန်ကအရမ်းနီးကပ်နေတာကြောင့် သူမအရာအားလုံးကို စွန့်စားလိုက်ရတာပဲ။ သူမရန်သူက သူမကိုဒီလိုကူညီရင် သူမလဲ တရားခံလိုဆက်လုပ်ပေးတာပေါ့။ အချိန်ကတစ်နာရီတောင်မကျန်တော့ဘူး။ သူမလမ်းကြားမှထွက်လာပြီး စစ်သူကြီးအိမ်တော်သို့ သူမအသက်မူတည်နေသလို အလျင်အမြန်ပြေးသွားသည်။ သူမ၏ ပိန်ပါးလျင်မြန်သည့် ခန္ဓာကိုယ်လေးဟာ မနက်စောစော မြူများကြားမှ သမင်ငယ်လေးကဲ့သို့ပင်။

Chu Xifeng ဟာ တွေဝေစွာဖြင့် “သခင်ကြီး သူက ဝမ်ဖေးနဲ့တူတယ်။"

သူနဲ့ဝမ်ရယ်က အဆိပ်ဖြေဆေးအတွက် ပါဝင်ပစ္စည်းများသွားရှာရင်း မြို့တော်ပြန်လာချိန်မှာ ပထမဆုံးတွေ့လိုက်ရတာ ချင်ဝမ်ဖေးက လမ်းမပေါ်မှာ အရူးတစ်ယောက်လိုပြေးနေတာပင်။ ကျေးဇူးတင်စရာကောင်းလောက်အောင် မတိုက်မိခင်မှာပင် သူတို့အချိန်မှီ ရှောင်လိုက်နိုင်သည်။ ယခုအချိန်မှာတော့ သခင်နဲ့အစေခံက လမ်းဘေးကအိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ရောက်နေပြီ။ Long Feiye ဟာ သာမာန်လူကဲ့သို့ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး အေးစက်မှုအလွှာတစ်ခုဖြင့် အလွန်အမင်း ခံ့ညားနေဆဲပင်။ သူတို့နှစ်ယောက် စကားတစ်ခွန်းမဆိုပဲ သူမနောက်လိုက်သွားရင်း သူကမျက်ခုံးကျုံလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now