အခန်း(၅၉)

1.8K 172 10
                                    

အခန်း(၅၉)

အချစ်ပြိုင်ဘက်၊ အဖြူဝတ်အမျိုးသမီး။

 

ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့် မြှားမှာ အဆိပ်စပါးအုံးမြွေကြီးအား အဆုံးသတ်သွားစေသည်။ သူက အဆိပ်ငွေ့များမှုတ်ထုတ်နေခြင်း ရပ်သွားပြီး လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။ ထိုအချိန်မှ ကျေနပ်သွားသော Long Feiye က လေးနှင့်မြှားအား သိမ်းလိုက်သည်။ ထိုစဥ် သတ္တိကြောင်နေသော အမျိုးသမီးလေးမှာ သူ့အား တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး အဖြစ်အပျက်များအား ထင်ရှားစွာမြင်လိုက်ရသည်။ Long Feiye မှာ နှုတ်ခမ်းများ အနည်းငယ်ကွေးညွှတ်သွားပြီး သူမ အားဆုပ်ကိုင်ကာ စပါးအုံးမြွေအလောင်းရှေ့ မြေပြင်တွင် ပေါ့ပါးစွာဆင်းသက်လာသည်။

“မင်းလွှတ်လို့ရပြီ"

သူရဲ့ အေးခဲနေသည့်အသံမှာ လေထဲတွင် ပျံနှံ့လာပြီး Han Yunxi မှာ သူမ၏ အကြောက်တရားများမှ အသိဝင်လာကာ မြေပြင်တွင် ရပ်နေကြောင်း သတိပြုမိသွားသည်။ သူမ ထိုအကြင်နာတရား ခေါင်းပါးသော လူ၏ မျက်လုံးများအား မော့ကြည့်လိုက်ပြီး သူမလက်အား လွှတ်လိုက်သည်။ Long Feiye က သူမအား လျစ်လျူရှုထားပြီး ဓါးမြှောင်လေးဖြင့် မြွေအမြူတေအား ထုတ်ယူလိုက်သည်။ Han Yunxi မှာ အသာချောင်းဟန့်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စောင့်ကြည့်နေလိုက်သည်။  Long Feiye ၏ လှုပ်ရှားမှုများမှာ လျင်မြန်တိကျပြီး မကြာမီပင်  မြွေအမြူတေဟု ထင်ရသည့် စက်ဝိုင်းပုံစံရှိ သေးငယ်သောအရာအား ထုတ်ယူလိုက်သည်။ ဒါကို လက်ထဲရှိနေရင် အသက်သွေးဆေးလုံးက လက်ထဲရောက်လာသလို အားထုတ်ရမှာ တစ်ဝက်လောက်သက်သာသွားပြီ။

Han Yunxi အာရုံစုစည်းလိုက်ကာ အဆိပ်စပါးအုံးမြွေမှသွေးအား စိုက်အပ်ကလေးဖြင့် စုဆောင်းလိုက်သည်။ သေချာတာပေါ့.. သူမ ဒီရှားပါးတဲ့အဆိပ်ကို ယူသွားပြီး လေ့လာရမယ်။

“မင်းဘာလုပ်နေတာလဲ။" Long Feiye မှ အေးစက်စွာမေးလိုက်သည်။

“ဘာမှမလုပ်ဘူး။" သူမ မျက်နှာမှာလေးနက်နေပြီး အသံမှာ အေးစိမ့်နေသည်။ အခု သူမ သူနဲ့စကားမပြောချင်ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora