အခန်း(၇၃)

1.8K 173 2
                                    

အခန်း(၇၃)

အသက်ကယ်ခြင်း။ အဖေနဲ့ သမီးရဲ့ ညှိနှိုင်းမှု။

 

Han Congan ဟာ ကွပ်မျက်ခံရရန်စောင့်နေရသည့် အပြစ်သားဖြစ်ပြီး ဧည့်တွေ့ခွင့် တားမြစ်ခံထားရသည်။ သို့သော်  Han Yunxi မှာ ထူးခြားသော အဆင့်အတန်းမှ ဖြစ်သည်။ အထူးသဖြင့် သူမက အိမ်ရှေ့စံ၏ အသက် ကယ်တင်ရှင်ဖြစ်သည်။ ဒါက လူတိုင်းသိနိုင်တဲ့ သာမာန် အကြောင်းအရာမဟုတ်ပေမယ့် တရားရေးဝန်ကြီးက သိနိုင်လောက်သည့် လူမှုအဆက်အသွယ်များ ရှိနေသည်။ သူမ ရောက်လာလျှင် ဝင်ခွင့်ပြုလိုက်ရန် သူ၏ ငယ်သားများအား တော်တော်ကြာစဥ်ကပင် မှာကြားပြီးသွားပြီ။ အရင်တစ်ကြိမ်မှ သူမအားတရားမဝင် ပြစ်ဒဏ်ပေးခဲ့ကြသော အကျဥ်းထောင်စောင့်များမှာ သူမ ထံတွင် သတိပြုမိသွားမည်အား ကြောက်ရွံ့ကာ ပုန်းအောင်းနေကြသည်။

အကျဥ်းထောင်စောင့်မှာ သူမအားလမ်းပြပေးရင်း အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ “ လေးစားရတဲ့ဝမ်ဖေး Han Congan က မနေ့ညထဲက ဝမ်ဖေးနဲ့ တွေ့ခွင့်ပေးဖို့ အော်ဟစ်နေပါတယ်။"

“အင်း မင်းသွားလို့ရပြီ။ တစ်ခုခုလိုရင် ခေါ်လိုက်မယ်။" သူမ ညင်သာစွာပြန်ပြောလိုက်သည်။

Han Congan က သူမကို တွေ့ချင်နေတာ မထူးဆန်းဘူး။ သူက သူမကို အသက်ကယ်ခိုင်းစေချင်တာပဲ ဖြစ်နိုင်တယ်။ သူမ ဒီလို လူမျိုးကို နားမလည်နိုင်ဘူး။ သူမတို့က တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးတွေရှိနေတာကို သူကဘာလို့ ကြိုးစားချင်နေသေးတာလဲ။ တောင်းပန်ပြီး ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သူမသိဘူးလား။

သူမ ရောက်လာတာကိုမြင်လျှင် Han Congan မှာ ကျေနပ်အံ့သြကာ ရှေ့သို့ အလျင်စလိုတိုးလာတယ်။ ​ကျေးဇူးတင်စရာကောင်းတာက သံတိုင်တွေက သူ့ကိုတားထားတယ်။ တစ်ညနဲ့ နေ့တစ်ဝက်လောက်မှာပဲ သူက လူနဲ့တောင် မတူချင်တော့ဘူး။ ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ ဆုတ်ပြဲနေတဲ့ ထောင်အဝတ်အစားတွေက နှိပ်စက်ခံထားရမှန်းသိသာတယ်။ တော်ဝင်အကျဥ်းထောင်မှာ နှိပ်စက်ခံရတာကနေ ရှောင်နိုင်တဲ့သူ ရှိရဲ့လား။  သူမတောင် ခံစားခဲ့ရတာကို……….

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now