အခန်း(၁၁၅)

1.5K 146 4
                                    

Warning
--------------
ဒီ Chapter ပြီးခါနီးမှာ Long Feiye ရဲ့ ကြွက်နဲ့ နှိပ်စက်တဲ့ အခန်းပါတယ်။ အရင်တစ်ခေါက်ကနဲ့ မတူပဲ နည်းနည်း ပိုပြီး ကြမ်းတမ်း ပါတယ်။ စိတ်မသက်မသာ ဖြစ်တတ်တဲ့သူက အဲ့ဒီအပိုဒ်တွေကို အဆုံးနားထိ ကျော်လိုက်ပါနော်။
‐--------------------------------------------

အခန်း(၁၁၅)

သူနာမည်က Gu Qishao ။

Han Yunxi မှာ ထောင့်တစ်ထောင့်တွင် ကွေးနေပြီး ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာသည်။ Qingyi မှာ တစ်နေ့လည်လုံး သူမအား လာမကြည့်ပဲ  စကားလဲ မပြောပေ။ ထို့ကြောင့် သူမက တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခု ဖြစ်လာရန် စောင့်နေမှန်း Han Yunxi မှာ ပို၍ သေချာသွားသည်။  Han Yunxi မှာ မည်မျှကြာအောင် အတွေးများနေမှန်း မသိပေ။ သူမက အပြင်မှ ကောင်းကင် အရောင်အား ကြည့်ရင်း အချိန်ကုန်သွားကြောင်း သိနိုင်သည်။

သူမက Mu Qingwu နှင့် ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်ဆိုင်သို့ သွားချိန်တွင် သူမ အလောင်းအစားမှာ ၁၂ရက် ကျန်သေးသည်။ သူမက နှစ်ရက် သုံးရက်လောက် သတိမေ့နေတယ်လို့ ယူဆလိုက််ပြီး ထိုရက်ကိုပါ ထည့်တွက်လိုက်ရင် သူမက သုံး လေးရက်လောက် ကုန်သွားပြီ မဟုတ်ဘူးလား။ ဆိုလိုတဲ့ အဓိပ္ပါယ်က သူမမှာ  ခုနစ်ရက် ရှစ်ရက် လောက်သာ ကျန်တော့ပြီး မကြာလွန်း မနည်းလွန်းတော့ဘူး။

ယခုအချိန်တွင် သူမက မြွေတစ်သောင်းအဆိပ်အတွက် သံသယရှိသူအား ရှာတွေ့ပြီ ဖြစ်သော်လည်း ခိုင်လုံသော သက်သေ အထောက်အထား မရှိပေ။ Long Feiye က ဟန်မိသားစု တတိယအိမ်အား စုံစမ်းတာက တစ်ခုခု ရှာတွေ့ပြီလား ဘယ်သူသိမှာလဲ။ သူမက နောက်ဆုံးသတ်မှတ်ရက်မှာ တရားခံ မရှာနိုင်ရင် Mu Liuyue ကို ရှုံးသွားရလိမ့်မယ်။

အရှုံးသမားက လမ်းပေါ်မှာ အပေါ်ရုံ ချွတ်ပြီး ပြေးရလိမ့်မယ်။

ထိုအတွေးများဖြင့် Han Yunxi မှာ  မခံမရပ်နိုင်ဖြစ်လာသည်။ ရှုံးတာက တစ်မျိုးဆိုပေမယ့် သူမရဲ့ အားထုတ်မှု အကုန်လုံးက အချည်းအနှီးဖြစ်သွားမယ်ဆိုတာက ပိုပြီး မချိမခံသာ ဖြစ်ရတယ်။ သူမ ပို၍ တွေးမိလေ မျက်မှောင်ကျုတ်လာလေလေ ဖြစ်သည်။ သို့ရာတွင် မကြာမီပဲ ပြေလျော့သွားပြီး အကူအညီမဲ့စွာ အသက်ရှူထုတ်လိုက်သည်။ ကောင်းပြီ။ သူမ ဒီကနေ ထွက်သွားနိုင်သလား မထွက်သွားနိုင်ဘူးလား ဆိုတာ ကိစ္စတစ်ခု ဖြစ်နေပြီကို သူမက အလောင်းအစားကို စိတ်ပူနေသေးတယ်။ သူမ ခေါင်းတွင် ရှုပ်ထွေးနေပြီး ခံစားချက်မျိုးစုံဖြင့် သက်ပြင်းချလိုက်သည်။ သူမ ကိုယ်ခံပညာကို နားလည်ထားရင် ပိုကောင်းမယ်။ အနည်းဆုံးတော့ သူမ ပြန်တုံ့ပြန်လို့ ရသေးတာပေါ့။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now