အခန်း(၁၂)

2.3K 234 2
                                    

အခန်း (၁၂)

ပါးနပ်တဲ့ သတို့သမီး

 


Han Yunxi လက်ထဲမှ မီးအိမ်ဟာ လွတ်ကျသွားပြီး သူမဟာလဲ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။

မင်္ဂလာဆောင်ည..မင်းရဲ့အရှင်။ ဒီလူ ဘာပြောချင်နေတာလဲ။

Long Feiye ဟာရပ်လိုက်ပြီး သူမအား အကြည့်တစ်ချက်ပို့ကာ ပိုင်ရှင်ကဲ့သို့ပင် အိပ်ခန်းထဲဝင်သွားတယ်။ Han Yunxi အချိန်အနည်းငယ်ကြာပြီး အထဲလိုက်ဝင်လိုက်သည်။

“ ရှင်…ရှင်က  Long Feiye…”

“အတင့်ရဲလိုက်တာ" သူက အေးစက်စွာပြန်ပြောလိုက်တယ်။

ဒီကမ္ဘာမှာ သူ့နာမည် အပြည့်အစုံခေါ်ရဲတာ လူအနည်းငယ်ပဲရှိတယ်။ သူပြန်ရောက်လာတော့ သူတို့ သူမကို ဒီပို့ထားမယ်လို့ မထင်ထားဘူး။ ဒါသူ့ရဲ့ ကိုယ်ပိုင်ခြံဝန်းလေ။

 Han Yunxi ဟာ ထိုလူရဲ့ အဆင့်အတန်းအစစ်မှန်ကို မယုံကြည်ဖြစ်နေတုန်းပဲ။ သူမရဲ့ သတိမထားမိမှုအတွက်လဲ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်တယ်။

ဘယ်လိုလုပ်ကြံသူက မျက်နှာဖုံးမစွပ်ပဲ ဝင်လာမှာလဲ။ ဘယ်လိုလုပ်ကြံသူကကော တော်ဝင်ဆန်တဲ့ အငွေ့အသက်တွေ ရှိနေမှာလဲ။

အကုန်လုံးက ရှုပ်သွားသလိုပဲ။

ဒီလူ့ကိုယ်ထဲမှာ အဆိပ်ကျန်နေတုန်းပဲ။ အနည်းငယ်ဆိုပေမယ့် သေစေနိုင်တုန်းပဲ။ ဒီလူကသာ ချင်ဝမ်ဆိုရင်…တစ်ကယ်လို့ သူသေသွားရင် သူမပါ တူတူမြှုပ်ခံရမှာ မဟုတ်ဘူးလား။

“ မင်းက Han Yunxi  အစစ်လား" သူ့ရဲ့ အေးစက်စက် အကြည့်က သူမကို သတိပြန်ဝင်လာစေသည်။

ဒီမိန်းမနဲ့ ပတ်သက်ပြီး သံသယဝင်စရာတွေချည်းပဲ ။ လူတော်တော်များများ သူ့ကိုလုပ်ကြံချင်ပြီး အခုချိန်ထိ သူ့နားမှာ အတွင်းလူထားတာလဲ တစ်ယောက်မှမအောင်မြင်သေးဘူး။ဒီတစ်ကြိမ်ရော ဒီမိန်းမက အတွင်းလူပဲလား။ ဒါဆို သူသေလောက်ပြီ မဟုတ်ဘူးလား။

Han Yunxi စိတ်ဓါတ်ကျစွာနဲ့ ထိုလူကိုကြည့်လိုက်သည်။ သူက သူမ အချိန်ခရီးသွားလာတာကို ယုံမှာမဟုတ်ဘူးလေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now