အခန်း(၁၃၀)

1.5K 157 0
                                    

အခန်း(၁၃၀)

ဆိုးရွားတဲ့အဆုံးသတ်အတွက် ငဲ့ညာမှု မရှိဘူး။
 

“ သခင်ကြီး ရှင်းရှင်းလင်းလင်း စဉ်းစားရပါမယ်။" သခင်Xu မှာ အလွန်အမင်း စိုးရိမ်နေပြီး မထိန်းချုပ်ထားနိုင်ပဲ နောက်တစ်ကြိမ် ဖြတ်ပြောလိုက်ပြန်သည်။ Han Yunxi မှာမူ မျက်လုံးများသာ မှိတ်ထားသည်။ သူမက မယုံကြည်ရပဲ နောက်ကျောဓါးထိုးတတ်သော သစ္စာဖောက်များအား မုန်းတီးသည်။ သခင်မ Xu မှ စကားစလာသည့် အချိန်မှာပင် သူမက မျက်လုံးမှိတ်ထားလိုက်သည်။

သို့တိုင် ထိုအချိန်တွင် Han Congan ၏ တုံ့ပြန်မှုမှာ ခိုင်မာ ပြတ်သားလှသည်။ “ဒီအရပ်သားက စိတ်ရင်းမှန်နဲ့ ဆန္ဒရှိတာပါ။"

သူ၏စကားများမှာ မြင်ကွင်းတစ်ခုလုံးအား တိတ်ဆိတ်သွားစေသည်။ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ကျိန်စာမိထားသကဲ့သို့ ကျောက်ရုပ်များသဖွယ် ပြောင်းလဲသွားကြသည်။လူတိုင်းမှာ မလှုပ်ရှားနိုင်တော့ပေ။ အထူးသဖြင့် သခင်မXu မှာမူ အသက်ရှူရန်ပင် စွမ်းရည်မရှိတော့သည့် ရေခဲရုပ်တု အဖြစ်သို့ ပြောင်းလဲသွားသည်။ ခုနစ်ယောက်မြောက်မဒမ်၏ သိမ်မွေ့သောမျက်နှာတွင်သာ ကျေနပ်သော အပြုံးတစ်ခုက ဖျော့တော့စွာ ပေါ်ထွက်လာသည်။

“မဟုတ်ဘူး။ သခင်ကြီး ရှင်ကဒီလိုလုပ်လိုမရဘူး။ မလုပ်ရဘူး။"  ထိတ်လန့်နေသူများတွင် သခင်မXu မှာပထမဆုံး သတိပြန်ဝင်လာပြီး Han Congan ထံသို့ ပြေးသွားစဥ် လဲကျသွားသည်။ သူမက ကောင်းကင်အား မော့ကြည့်လိုက်ပြီး စတင် ငိုယိုတော့သည်။ “သခင်ကြီး ရှင်က ဘာလို့ လိမ်ပြောနိုင်ရတာလဲ။  ရှင်ကဘာလို့ ဒီလောက်တောင် ဘက်လိုက်ရတာလဲ။ အရမ်း ရက်စက်တာပဲ။"

“သခင်မ Tianxin  ကွယ်လွန်သွားတာကြာပြီ။ Han Yunxi ကလည်း အိမ်ထောင်ကျပြီးသွားပြီ။ ဘာလို့ အခုလို လုပ်တာလဲ။ ဘာလို့လဲ။"

“သခင်ကြီး ကျွန်မက ရှင်ကို လက်ထပ်ခဲ့ပြီး ပိုတိုးတက်လာစေရမယ်လို့ ကတိပေးခဲ့တယ်။ ကျွန်မက ရှင့်ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်နေရလို့ ညည်းညူတာ နောင်တရတာ မရှိခဲ့ဘူး။ ဒါတောင် ရှင်ကဘာလို့ ကျွန်မကို ဒီလိုဆက်ဆံရတာလဲ။ ဘာလို့လဲ။ ပြောပါဦး…..။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now