အခန်း(၁၈၁)

1.4K 151 8
                                    

အခန်း(၁၈၁)

သရုပ်မှန်။ အဲ့တာဆိုရင် သူပဲ။






သူမက ငြိမ်ငြိမ်နေလို့ ပြောခံရတာနဲ့ နေမယ့်လူလား။
Han Yunxi မှာ အနည်းငယ်မျှပင် ဂရုမစိုက်ပဲ ရှေ့သို့ ဆက်တိုးသွားလိုက်သည်။ တုံ့ပြန်မှုအနေဖြင့် မျက်နှာဖုံးစွပ်လူမှာ လျတ်တပြက်အတွင်း တိုးကပ်လာပြီး သူမအား လွတ်မြောက်သွားခြင်းမှ တားဆီးရန် ပုခုံးမှ ဆုတ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာဖုံးအား ဖယ်ရှားလိုက်သည်။

သူက Han Yunxi  ၏ သေးငယ်သောမျက်နှာလေးအား မြင်လျှင် မျက်နှာဖုံးစွပ်လူမှာ ပြုံးသွားသည်။ “အဆိပ်အမှုန့်တွေကို ခပ်ဝေးဝေးကတိုင်း အနံ့ခံနိုင်တဲ့ တစ်ယောက်ယောက်ဆိုပြီး ဒီမှာတော့ မင်းရဲ့အရှင်က ဘယ်သူလဲလို့ အံ့ဩနေတာ… မင်းဖြစ်နေတာပဲ။"

“ကျွန်မကို လွှတ်….” Han Yunxi မှာ ရုန်းကန်လိုက်ပြီး သူ၏ လက်မောင်းအား ကုတ်ခြစ်လိုက်သည်။ မျက်နှာဖုံးစွပ်လူမှာ အလွန်အမင်း စိတ်အခြေအနေ ကောင်းမွန်နေကာ သူမအား စိတ်တိုင်းကျ ကုတ်ခြစ်ခွင့်ပေးထားသည်။

“ချင်ဝမ်ဖေးတောင် ရောက်လာတယ်ဆိုတော့ တခြားသူက ဖြစ်နိုင်တာတော့…….” မျက်နှာဖုံးစွပ်လူမှာ ပြောရင်းဆိုရင်း Long Feiye ဘက်သို့ လှည့်ကြည့်လိုက်လျှင် တခဏချင်းမှာပင် အေးစက်သော ဓါးဦးချွန်က သူ၏ လည်ပင်းသို့ ဖိကပ်လာသည်။

အဲ့တာက Long Feiye ပဲ။

သူက အမှန်တကယ်ကို မတ်တပ်ရပ်နိုင်သေးတယ်။ သူက အဆိပ်မမိတာ ဖြစ်နိုင်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ…..

မျက်နှာဖုံးစွပ်လူမှာ လုံးဝပင် အံ့အားသင့်နေစဥ်  Han Yunxi မှာမူ Long Feiye မှာ အမှန်တကယ် အဆိပ်သင့်သွားခြင်း မရှိကြောင်း ကြာမြင့်စွာကပင် သိနေပြီးသားဖြစ်သည်။ မျက်နှာဖုံးစွပ်လူ၏ ခဏကြာ အာရုံပျံ့လွင့်သွားမှုအား အခွင့်အရေးယူကာ သူမက သူ၏ မျက်နှာဖုံးအား ဆွဲဖယ်ကာ သွက်လက်စွာ တွန်းထုတ်လိုက်သည်။ Han Yunxi မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း မျက်နှာဖုံးအောက်ရှိ မျက်နှာပိုင်ရှင်မှာ အလွန် ချောမောခန့်ညားသည့် အမျိုးသားတစ်ယောက် ဖြစ်ကြောင်း​ တွေ့လိုက်ရသည်။ သူ၏ နက်ရှိုင်းသော မျက်နှာအသွင်အပြင်မှာ ကောင်းကင်မှ ထွင်းထုပေးထားသကဲ့သို့ပင်။ သူက ကြမ်းတမ်းထောင်လွှားကာ ကမ္ဘာပေါ်တွင် သူ့ကိုယ်သူ ထူးချွန်ထက်မြက်လွန်းသူဟု ယူဆထားသည့် ဘုရင်တစ်ပါး၏  ​အငွေ့အသက်ရှိနေသည်။ သူ၏ ညာဘက်မျက်လုံးပေါ်ရှိ မျက်ခုံးတွင် သွေးနီရောင် မျက်ခုံးဖောက် ရှိနေသည်။ ၎င်း၏ တစ်စိတ်တစ်ပိုင်းမှာ သူ၏ ဆံပင်များဖြင့် ကွယ်ထားသောကြောင့် သူမက မျိုးနွယ်တံဆိပ်အား ရှင်းလင်းစွာ မြင်နိုင်ရန် ခက်ခဲနေသည်။ ခြုံငုံပြောရလျှင် သူက ထူးခြားဆန်းကြယ်ကာ ကြမ်းတမ်းရက်စက်သူပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now