အခန်း(၁၉၀)

1.4K 189 32
                                    

အခန်း(၁၉၀)

အံ့သြစရာကောင်းလောက်အောင် သူပြန်ရောက်နေတယ်။






ငွေကြေး ရှိနေလျှင် အရာအားလုံးမှာ ချောမွေ့စွာ လုပ်ဆောင်နိုင်သည်။

ရက်အနည်းအတွင်းမှာပင် ဟန်မိသားစု၏ အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက် ဆေးခန်းများအား ဖွင့်လိုက်နိုင်ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဟန်မိသားစုမှာ Tianning မြို့တော်တွင် အရပ်လေးမျက်နှာ ဆေးခန်းများ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ အတူတကွ ၎င်းတို့အား လေးမျက်နှာ ဆေးခန်းများဟု ခေါ်ကြသည်။

မူလ တောင်ဘက်ဆေးခန်းမှာ ပြည်သူများ စရိတ်သက်သာစေရန်အတွက် စရိတ်တစ်ဝက်ပေး လုပ်ငန်းဖြစ်သည်။ တရားရုံးတော်မှ လျော်ကြေးရပြီးနောက်တွင် ၎င်းမှာ အပြည့်အဝ အခမဲ့ ဆေးခန်း ဖြစ်လာတော့သည်။  နွမ်းပါးသည့် မိသားစုများ ဖြစ်နေသရွေ့ ဆေးကုသမှုနှင့် ဆေးဝါး အတွက် ကြေးတစ်ပြားပင် လက်ခံမည် မဟုတ်ပေ။ ထိုကဲ့သို့ စည်းမျဉ်းများကြောင့်  Han Yunxi  မှာ ဆေးခန်းအား များစွာ ပရိုမိုးရှင်းဆင်းရန် မလိုအပ်တော့ပေ။ ရက်အနည်းငယ်ကြာပြီးနောက် ဟန်မိသားစု၏ လေးမျက်နှာဆေးခန်းများမှာ မြို့တော်တွင် ဦးဆောင်နေသော သတင်းများ ဖြစ်လာသည်။ လမ်းမကြီးများနှင့် လမ်းကြားများထဲတွင် လူတိုင်းမှာ မှတ်ချက်ပေးနေကြသည်။ ထိုသူများမှာ မကောင်းပြောဆိုနေကြသူဖြစ်သော်လည်း ဆေးခန်းများ၏ ကျော်ကြားမှုမှာ တခဏချင်း မြင့်တက်သွားတော့သည်။

“လေးစားရတဲ့ဝမ်ဖေး သူတို့က တကယ်လွန်နေပြီ။ အခမဲ့ဆိုရင်တောင် ဘယ်သူမှ လာရဲမှာ မဟုတ်ဘူးလို့ တံခါးမှာ အော်နေကြတယ်။" Chen Xiang  လေးမှာ စိတ်ဆိုးမာန်ဆိုးဖြင့် အတွန့်တက်လိုက်သည်။

“သူတို့ ပြောချင်သလိုသာ ပြောခိုင်းထားလိုက်။"  Han Yunxi မှာ ထိုသူများအား အာရုံမရှိပဲ ပြုံးရွှင်နေသည်။ နိမ့်ချနေတဲ့ သူတွေ ရှိသလို ချီးကျူးနေသူများလည်း ရှိသည်။ အခြားသူများက မည်သို့ပင် ပြောဆိုနေပါစေ လေးမျက်နှာ ဆေးခန်းများ ဖွင့်လှစ်ထားနိုင်ပြီး  နာမည် ထွက်လာသရွေ့  ဆေးပညာအသိုင်းအဝိုင်း မှဖြစ်စေ သို့မဟုတ် မင်းမျိုးမင်းနွယ်များဖြစ်စေ  မည်သူကမှ ဟန်မိသားစုအား မေ့ပျောက်လို့ရမည် မဟုတ်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now