အခန်း(၁၂၁)

1.6K 156 18
                                    

အခန်း(၁၂၁)

စိတ်ပျက်ရခြင်း။ အဲ့ဒီလိုကိုး……..

Gu Qishao ၏ ဘက်တွင် အနက်ဝတ်လုပ်ကြံသူများမှာ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာကြသည်။ Mu Qingwu နှင့် အစောင့် Shangguan မှာ ရူးမိုက်နေသူများ မဟုတ်ပဲ အသက်ရှင်လျက် အကျဥ်းသားများ ဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း သိထားသည်။  သို့သော် လုပ်ကြံသူများမှာ ထွက်ပေါက်မရှိတော့သည်နှင့် အဆိပ်သောက် သတ်သေရန် စေ့စပ်စွာ ​လေကျင့် ပေးထားခံရသည်။

Long Feiye မှ အဝေးမှကြည့်နေသည်။ အကယ်၍ အတိတ်တုန်း ကဆိုလျှင် သူက ဒေါသထွက်နေလောက်ပြီ ဖြစ်သည်။ အဲ့ဒီလူတွေက အကျဥ်းသားတစ်ယောက်သာ အသက်ရှင်လျက် မဖမ်းနိုင်လောက်အောင် မသုံးမကျ ဖြစ်နေတာလား။ သို့ရာတွင် ယခုအချိန်တွင် သူက ရှေ့တည့်တည့်အား ကြည့်နေသော်လည်း အတွေးထဲတွင် အခြားအရာများ ပြည့်နေသည်။ မကြာခင်မှာပင် သူ၏ အကြည့်များအား ပြန်လှည့်လာကာ Han Yunxi ထံ ရောက်လာလျှင် သူမမှာ မြေပြင်ပေါ်တွင် ထိုင်ကာ  ဆေးအိတ်လေးနှင့် အလုပ်ရှုပ်နေသည်။ သူမ၏ မျက်နှာ အလွန်အမင်း ဖြူဖျော့နေပြီး အရောင်မရှိတော့သည်တိုင်အောင် အပြည့်အဝ အာရုံစိုက်ထားသည်။

သူမ၏ အာရုံစူးစိုက်နေသည့် ပုံစံမြင်ရသည်မှာ Long Feiye အတွက် ပထမဆုံးအကြိမ်မဟုတ်တော့သော်လည်း ယခုတစ်ကြိမ်တွင် သူက  အကြည့်မလွှဲနိုင်တော့ပေ။ ဤအမျိုးသမီး၏ အလှတရားက သူ ထင်မှတ်ထားသည်ထက် ကျော်လွန်ကာ သူမ၏ အာရုံစူးစိုက်နေဟန်က သူမ ကိုယ်ပိုင် အလှတရားအား ထပ်မံကျော်လွန်သွားသည်။ သူမအားကြည်နေမိရင်း သူက သတိမထားမိလိုက်ပဲ လက်မြှောက်လိုက်ကာ ယခင်က သူမမှ ထိတွေ့ခဲ့သော သူ၏ နှုတ်ခမ်းထောင့်အား ထိတွေ့လိုက်သည်။

နောက်ဆုံးတွင် Han Yunxi မှာ အဆိပ်သုံးမျိုးအား ခွဲခြားလိုက်နိုင်ပြီး တိုက်ရိုက် သောက်သုံးနိုင်သော ဖြေဆေးများအား သူမ၏ အဆိပ်ဖြေစနစ်တွင် ရှာတွေ့သွားသည်။ ယခုတစ်ကြိမ်တွင် အပ်သုံးကာ အဆိပ်ဖယ်ရှားရန် မလိုအပ်ပေ။ သူမ၏ ဆေးအိတ်လေးထဲမှ ဆေးသုံးလုံးအား ထုတ်လိုက်ပြီး အမှားအယွင်း မလုပ်မိစေရန် ကိုယ်တိုင်စစ်ဆေးလိုက်သည်။ သူမ ဘယ်လောက်စိတ်လှုပ်ရှားနေပြီး စိုးရိမ်နေတာလဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။ တကယ်လို့များ တစ်ခုခုက…..တစ်ခုခုပဲ..Long Feiye ကိုယ်ထဲက အဆိပ်တစ်ခုလောက်က ပင့်ကူလှံတွေလိုမျိုး သူမ သတိမပြုမိနိုင်တဲ့ မကုသနိုင်တဲ့ အဆိပ်သာဆိုလျှင် Long Feiye က အသက်အန္တရာယ်ရှိသွားနိုင်တယ်။ ကောင်းတာတစ်ခုက သူ့ရဲ့ အဆိပ်တွေအကုန်က သူမအတွက် အသုံးများသည့် အဆိပ်များ ဖြစ်နေခြင်းပင်။ ပင့်ကူလှံကဲ့သို့ အဆိပ်များကသာ ရှားပါးသည့် အဆိပ်လက်နက်များ ဖြစ်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora