အခန်း(၄၈)

2K 191 2
                                    

အခန်း(၄၈)

သူမက ဝမ်ရယ့်ကို လက်ထပ်ချင်ခဲ့တာ။

ရှည်လျားစူးရှသည့် ဝီစီသံ..

ချက်ချင်းဆိုသလို အနက်ရောင်မြူခိုးများသည် ထောင့်လေးထောင့်မှပေါ်လာပြီး သူတို့အား ဖုံးကွယ်ရန်ကြိုးသစားကာ ကောင်းကင်တစ်ခွင်ပျံ့နှံ့သွားသည်။ မထင်မှတ်ပဲ အဆိပ်ခြင်အုပ်များစွာရှိပြီး ထိုခြင်အုပ်များမှာ ထိုအမျိုးသမီးထံမှ အမိန့်အား နာခံကြတယ်။ သူမ တုန်လှုပ်သွားတယ်။

ဒီအမျိုးသမီးက ခြင်အုပ်တွေကိုထိန်းချုပ်နိုင်တာပဲ။ သူမက Long Feiye ကို ဒဏ်ရာရအောင်လုပ်နိုင်တာ မထူးဆန်းတော့ဘူး။ သူမ စွမ်းရည်က ထူးခြားတယ်။

ထိုအမျိုးသမီးက နောက်တစ်ကြိမ်ဝီစီမှုတ်လိုက်ပြီးနောက် ချက်ချင်းပင် ထိုခြင်အုပ်များမှာ အနက်ရောင်ပင်လယ်ကြီးကဲ့သို့ ပြောင်းလဲသွားပြီး Han Yunxi ထံ တိုးဝင်လာသည်။

“Long Feiye ရှင်အဲ့ဒီ မိန်းမကိုမသေစေချင်ရင် ကျွန်မကို အသက်ရှင်ခွင့်ပေးတာ ကောင်းလိမ့်မယ်။” သူလျှိုမှ ခြိမ်းခြောက်လိုက်တယ်။ သူမ Tianning တိုင်းပြည်မှာ ပုန်းအောင်းနေတာကြာပြီဖြစ်ပြီး Long Feiye က အမျိုးသမီးတစ်ယောက်အား ဖက်ရန်မဆိုထားနှင့် ထိ သည်ပင် မမြင်ဖူးခဲ့ပေ။ အမျိုးသမီးများနှင့် စကားပြောဆိုသည်ပင် ရှားပါးလှသည်။

ယနေ့သူက ထိုအမျိုးသမီးကို ရင်ခွင်ထဲမှာ ခေါ်လာတယ်။ သူမ အသက်မှ တည်းတည်းသာကျန်ခဲ့သော်လည်း မအံ့သြပဲမနေနိုင်ချေ။ ဒီအမျိုးသမီးက ဘယ်သူလဲ။ Long Feiye ရဲ့ နှလုံးသားထဲမှာ ဘယ်လောက်နေရာယူထားသလဲ။

ထူထဲနက်မှောင်သည့် အစုအဝေးကြီးက သူမအားလွှမ်းခြုံတော့မည်ကို မြင်လျှင် သူမ Long Feiye အား ကြည့်လိုက်ပြီး အော်လိုက်တယ်။ “အား… ကျွန်မကြောက်တယ်။"

“အရမ်းကြောက်ဖို့ကောင်းတယ်။ ဝမ်ရယ် ကယ်ပါဦး။ မြန်မြန် ကယ်ပါဦး။"

“ဟင့်……. ရွံဖို့ကောင်းလိုက်တာ… ဝမ်ရယ် ကျွန်မ ကြောက်တယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Onde histórias criam vida. Descubra agora