အခန်း(၁၁၇)

1.5K 168 8
                                    

အခန်း(၁၁၇)

မင်းက မင်းရဲ့ အရှင်ကို စိတ်မပျက်စေဘူးပဲ။


Han Yunxi မှာ အနီရင့်ရောင် အရိပ်တစ်ခုအား တွေ့လိုက်ရသော်လည်း လူရိပ်လူယောင် အနည်းငယ်မှ မတွေ့မိပေ။ တစ်ချိန်တည်းမှာပင် Qingyi မှာ မြောက်ဘက် တောင်တန်းများသို့ စတင်ပျံသန်းလာပြီး အဆိပ်ခြင်အုပ်မှာ နေရာတစ်ခုလုံးပျံ့နှံ့နေကာ လေထုထဲတွင် ခြင်များ ပြည့်နှက်နေသည်။ တောင်ကြောတွင် ရှာဖွေနေသူများသည် မည်မျှပင် သတ္တိရှိစေကာမူ သူတို့က ဆက်လက်ရှာဖွေနေလျှင် အဆိပ်သင့်ကာ သေဆုံးကြရမည်ဖြစ်သည်။ လုပ်ကြံသူများမှာ အနည်းငယ် နှေးကွေးသော်လည်း အတားအဆီးမရှိ ဖြတ်ကျော်လာခဲ့သည်။

Han Yunxi မှာလည်း ရုန်းကန်မနေပဲ အတွေးများနေသည်။

အဲ့ဒီ Gu Qishao က ဘယ်လိုလူမျိုးလဲ။ သူက အဆိပ်တွေကို မကြောက်ဖူးလား။ ဖြေဆေးမရှိပဲနဲ့တော့...........

အဲ့ဒီလိုဆိုရင် သူက ဒီမှာ အဆိပ်ခြင်အုပ်တွေရှိတာ အရင်ကတည်းက ခန့်မှန်းထားပြီးသားပေါ့။ ဘာလို့လဲဆိုရင်သူတို့ရဲ့ အဆိပ်ဖြေဆေး လွယ်လွယ် မရနိုင်ဘူး။ ထိုအတွေးများနှင့် Han Yunxi မှာ မထိန်းချုပ်ထားနိုင်င်တော့ပဲ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကံမကောင်းစွာနဲ့ပဲ သူမတို့ ပတ်လည်တွင် အနက်ရောင် အစုအဝေးများသာရှိနေပြီး ပုန်းနေသည့် လူတစ်ယောက်မဆိုထားနှင့် သစ်ပင်များပင် မြင်နိုင်ရန် ခက်ခဲလှသည်။

အဲ့ဒီလူက သူတို့ နောက်အနီးက လိုက်လာလား။ သူတို့ ဂူထဲမှာ ရှိနေတုန်းက အခွင့်အရေးကောင်းရှိတာကို သူက ဘာလို့ မလှုပ်ရှားတာလဲ။ လုပ်ကြံသူတွေက တောင်တွေထဲကနေ လွတ်သွားတာနဲ့ သူမကို ကယ်တင်ဖို့ အများကြီး ပိုခက်သွားနိုင်တယ်။

Gu Qishao က တကယ်ပဲ သူမကို ကယ်ပေးဖို့ ဒီရောက်လာတာလား။

မသေချာမရေရာဖြစ်နေသော Han Yunxi မှာ သူမ၏ မျှော်လင့်ချက်များအား လူစိမ်းတစ်ယောက်အပေါ်တွင် မထားချင်ပေ။ သူမကိုယ် သူမ တစ်နည်းနည်းနဲ့ တော့ ကယ်မှ ဖြစ်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now