အခန်း(၁၈၃)

1.4K 159 10
                                    

အခန်း(၁၈၃)

သရော်မှုက နောက်ဆုံးမှာတော့ ရှုံးနိမ့်သွားပြီ။





Long Feiye နှင့် Han Yunxi တို့မှာ ခြောက်ရက်ကြာ ပျောက်ဆုံးနေခဲ့သည်။ Gu Qishao မှာ ဆေးဝါးမြို့တော်တစ်ခုလုံးအား ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်ခုပင် မတွေ့ရချေ။ သူက Long Feiye ၏ ကတိအား ယုံကြည်မှု ပျောက်ဆုံးလာခါနီးတွင် Long Feiye နှင့် Han Yunxi တို့မှာ ပြန်ရောက်လာသည်။ နှစ်ယောက်က သူတို့၏ အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးပိတ်ရန် ပြင်လိုက်စဥ် Gu Qishao မှာ ရုတ်တရက်ပေါ်လာပြီး သူ၏ လက်ဖြင့် တံခါးဘောင်အား ဖိထားကာ သူ၏ ဆွဲဆောင်မှုရှိသောမျက်လုံးများအား ကျဥ်းမြောင်းထားရင်း အေးစက်စွာ ပြုံးနေသည်။ အေးစက် မကောင်းဆိုးဝါးဆန်သည့် အငွေ့အသက်များမှာ သူ၏ ကိုယ်ပေါ်မှ အန္တရာယ်များစွာ ထုတ်လွှတ်နေသည်။

Han Yunxi မှာ သူမ၏ ပုခုံးများအား ဖြည်လျော့လိုက်ပြီး Gu Qishao အား အထဲသို ခေါ်လိုက်သည်။ Gu Qishao မှာ သူမအား ဝေဖန်နေခြင်းမရှိပဲ အမှန်တကယ်ပင် တောက်ပစွာပြုံးလိုက်သည်။ Han Yunxi မှာလည်း နှုတ်ခမ်းများအား အပြုံးတစ်ခုအဖြစ် ဆွဲတင်လိုက်သည်။ ထို့နောက် Gu Qishao  မှာ  Long Feiye  အား ကြည့်လိုက်ပြီး နှုတ်ခမ်းများမှာ သရော်လာတော့သည်။ “ အရှင့်သားချင်ဝမ်က သတင်းစုံစမ်းဖို့ ခြောက်ရက်တောင် ယူထားတယ်။ အရှင့်သားက လျှို့ဝှက်ချက် တစ်ချို့ရှာတွေ့လောက်ပြီလို့ ကျွန်တော်ထင်တယ်။"

Long Feiye  မှာ သူ့အား လျစ်လျူရှုထားပြီး လက်ဖက်ရည်နှပ်နေရုံမက Han Yunxi အားပင် တစ်ခွက်ငှဲ့ပေးကာ သူနှင့် အတူ သောက်ရန်ပင် လက္ခဏာပြလိုက်သည်။ Han Yunxi  မှာ လှုပ်ရှားရန် ပြင်လိုက်စဥ် Gu Qishao  မှာ သူမ၏ နေရာတွင်ဝင်ကာ လက်ဖက်ရည်ခွက်အား ကောက်ကာ တစ်ကျိုက်တည်း မော့လိုက်သည်။ “ Tianning မြို့တော်က ကပ်ရောဂါက အနည်းနဲ့အများတော့ ထိန်းချုပ်နိုင်ပြီလို့ ကျွန်တော်က ကြားတယ်။ အရှင့်သားချင်ဝမ်က အခုအထိ ကတိကို မဖြည့်ဆည်းပေးရသေးဘူး။ ဒီ လူကြီးလူကောင်းက အမြတ်တွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။"

Long Feiye မှာ ထိုင်ခုံတွင် ထောင်လွှားစွာ ထိုင်နေပြီး စကားမဆိုသကဲ့သို့  Gu Qishao အားလည်း မကြည့်ပေ။ ဒီတစ်ကြိမ်တွင်  Gu Qishao   မှာလည်း တိတ်ဆိတ်သွားသည်။ သူ၏ မျက်လုံးများထဲမှ ရယ်မောနေခြင်းများမှာလည်း အန္တရယ်ရှိသော တစ်စုံတစ်ခုအဖြစ်သို မှေးမိန်လာသည်။ တိတ်ဆိတ်မှုက အခန်းထဲတွင် လွှမ်းခြုံလာပြီး  လေထုမှာ ပို၍ ပို၍ မူမမှန်ဖြစ်လာသည်။ Han Yunxi  မှာ သူတို့အား ဘေးမှကြည့်နေကာ အသံမထွက်ရဲတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now