အခန်း(၄၀)

2K 171 3
                                    

အခန်း(၄၀)

ထင်ထင်ရှားရှားကို လူသတ်ချင်နေတာပဲ။

Han Yunxi ကွယ်လွန်တာနဲ့ ပထမဇနီးနေရာ အမြဲလွတ်လပ်နေမှာဖြစ်ပြီး Murong Wanru က ဒုတိယဇနီးဖြစ်လာရင် သူမက ကြင်ယာတော်တစ်ပါးရဲ့အကျိုးခံစားခွင့်အားလုံးရမှာဖြစ်ပြီး သူမရဲ့ အိပ်မက်ဆိုးကဲ့သို့ အဆင့်အတန်းနိမ့်ကျသည့် အမျိုးသမီးဆိုတာကိုလဲ ဖျောက်လိုက်နိုင်မယ်။

သူတို့ထင်းအိမ်ကို ရောက်တဲ့အခါ  တည်ငြိမ်နေတဲ့Murong Wanru ဟာ ထပ်မစောင့်နိုင်တော့ဘူး။ အစောင့်မှသော့ဖွင့်ပေးသည့်အခါ သူမအထဲသို့ တွန်းဖယ်ဝင်သွားလိုက်သည်။ အထဲမှာတော့ ဆိုဂွန်မြက်ကဲ့သို့ အပြာရောင်ရှိသည့် ပုံသဏ္ဍာတစ်ခုက ရေခဲကဲ့သို့ လဲလျောင်းနေသည်။ အားနည်းဖျော့တော့နေပြီး လေတစ်ချက်ဝှေ့ရုံဖြင့် လွင့်ပါသွားနိုင်သည်။

“ဟင်းဟင်းဟင်း သူသတိလစ်နေမယ်ဆိုတာငါသိသားပဲ။” ကြင်ယာတော်ကြီးကနှာခေါင်းရှုံ့လိုက်ရင်း “တစ်ယောက်ယောက် သူ့ကိုနှိုးလိုက်။"

အစောင့်တစ်ယောက်က ချက်ချင်းပင် ရေတစ်ပုံးယူလာသည်။ Murong Wanru  ဟာဆက်ဖြစ်လာနိုင်တာကို တိတိကျကျသိသော်လည်း မြင့်တက်လာသည့်ခံစားချက်များကို ဖိနှိပ်ကာပြောလိုက်သည်။ “မူဖေး ရေကအေးလွန်းတယ်။ ကျွန်မယောင်းမကို နိုးလိုက်ပါ့မယ်။"

တော်ဝင်ကြင်ယာတော်ကြီးYiက ဒေါသတကြီးမျက်နှာပေးဖြင့် “မင်းက စိတ်ထားကောင်းလွန်းတယ်။"

Murong Wanru မှာ ပီတိအပြည့်ဖြင့် လျှင်မြန်စွာရှေ့တက်လာပြီး Han Yunxi အား နိုးဟန်ဆောင်လိုက်သည်။ “ယောင်းမ ယောင်းမ သတိရပါတော့။ မူဖေးရောက်နေတယ်။ ယောင်းမ လိမ်လိမ်မာမာနဲ့ မူဖေးဆီမှာ အမှားဝန်ခံလိုက်ပါ။ အဲ့လို ဆိုရင် မူဖေးက ခွင့်လွှတ်ပါလိမ့်မယ်။"

သူမနိုးနေချိန်တွင် သူမခန္ဓာကိုယ်အားသုံးကာ နောက်ကွယ်မှလူများ၏ မြင်ကွင်းအားပိတ်ထားပြီး လက်တစ်ဖက်က တုန်ရင်နေသည်။ သူမ စိတ်လှုပ်ရှားကာ အနည်းငယ်ကြောက်ရွံ့နေပေမယ့် Han Yunxi နှာခေါင်းနားမှာ အသက်ရှုမရှူ စစ်ဆေးလိုက်သည်။ လက်ချောင်းများက နီးကပ်လာလေလေ သူမနှလုံးသားဆီ တင်းကြပ်လာလေပဲ။ သူမက Han Yunxi ကွယ်လွန်သွားပြီးရင် တိတိကျကျဘာအော်ရမလဲဆိုတာတောင် စဥ်းစားပြီးသွားပြီ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now