အခန်း(၈၅)

1.6K 165 0
                                    

အခန်း(၈၅)

နိမ့်ကျဟန်ဖြင့် မဒမ်Li။

 
 

Han Yunxi မှာ ဘေးတစ်ဖက်မှ Han Yuqi ၏ စကားများ ကြားလိုက်ရသော်လည်း မထင်မှတ်ထားသည်တော့ မဟုတ်ပေ။ သူမ လက်မထပ်ခင်မှာပင် သခင်မXu မှ သူမ၏ သတို့သမီးဝေါယာဥ်အား တစ်ပုံစံတည်းပြောခဲ့ရုံသာမက ပိုမို ဒေါသထွက်စရာကောင်းသော ဆိုးရွားသည့် စကားများပင် ပြောခဲ့သည်။

ဒီလိုမျိုးပေါ့။

---- Han Yunxi က သစ်ကိုင်းပေါ်ပျံတက်နိုင်တာနဲ့ ဇာမဏီဖြစ်ပြီထင်နေလား။ တစ်ခါက မကောင်းတဲ့မိန်းမဆိုရင် အမြဲတမ်း မကောင်းတဲ့မိန်းမပဲ-----

----Han Yunxi က ချင်ဝမ်ကို လက်ထက်ချင်တာက ငန်းသားစားချင်နေတဲ့ ဖားပြုပ်လိုပဲ။-----

----- တခြားသူတွေဆို နံရံစောင့်ပြီး သတ်သေလိုက်ပြီ။ သူမကပဲ အရေထူပြီး သတို့သမီးဝေါယာဥ်ထဲ စိတ်လိုလက်ရတက်လိုက်သေးတယ်။-----

ထိုနေ့တွင် အောင်သွယ်တော် မိန်းမအား လမ်းမှားမှ လာစေရန် ကြင်ယာတော်ကြီးYi  မှ စီမံခဲ့ခြင်းဖြစ်သော်လည်း ထိုအဘွားကြီးမှ ညစ်ပတ်သည့် လှည့်ကွက်မျိုးစုံလုပ်နိုင်ရန်မှာ သခင်မ Xu  သေချာအောင် ကြံစည်ခဲ့သည်။ သူမ ၏ မင်္ဂလာဝတ်စုံ၊ မျက်နှာချေ၊  ကျောက်မျက်ရတနာများအား ချယ်လှယ်နှောင့်ယှက်ခဲ့ပြီး ခန်းဝင် ပစ္စည်း သေတ္တာမှာပင် သူမ ညီမဖြစ်သူမှ မလိုချင်သော အဝတ်အစားများဖြင့်သာ ပြည့်နေသည်။  Han Yunxi မှာ အကုန်သိနေခဲ့တယ်။ ဒီနေ့တော့ Yi'er လေးအတွက်သာမက သူမကိုယ်တိုင်အတွက်လည်း လက်စားချေရမယ်။

Han Yuqi  မှာ လှုပ်ရှားလာခြင်းမရှိသည်အား မြင်လျှင်  Han Yunxi  မှ အေးစက်စွာအမိန့်ပေးလိုက်သည်။  “တစ်ယောက်ယောက် အကြီးဆုံးသခင်လေးကို ဆွဲထုတ်သွားပြီး ပြင်းပြင်းထန်ထန် ရိုက်လိုက်။" Han Yunxi  မှာ သူမ၏ အစေခံအနေဖြင့်  Chen Xiang လေးအား ခေါ်ဆောင်လာခဲ့သော်လည်း ဘေးရှိ လူတစ်ချို့က   Han Yuqi အား ဆွဲလာပြီး လျင်မြန်စွာ ပြင်ဆင်လိုက်ကြသည်။

“ငါ့ကို လွှတ်… လွှတ်စမ်း…..”

“ ချင်ဝမ်ဖေး…. တောင်းပန်ပါတယ်… သက်ညှာပေးပါ။ သက်ညှာပေးပါ……”

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now