အခန်း(၁၅၀)

1.4K 160 13
                                    

အခန်း(၁၅၀)

ဒီဝမ်ဖေးက ရက်စက်တတ်ရုံတင်။



အဲ့တာက အကြံကောင်း….

Han Yunxi မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သည်။ ဒီအမျိုးသမီးတွေက ဗျပ်စောင်း၊ စစ်တုရင်၊ ပန်းချီ၊ ကဗျာ ဒါမှမဟုတ်ရင် သီချင်းစပ်တာတွေ မကြခဏ ပြိုင်ကြတယ်ဆိုတာ သူမ သိတယ်။ ဒါပေမယ့် ဒီကောင်မလေးတွေက ကလေးဘဝတည်းက တစ်ပုံစံတည်းလုပ်လာတာ မငြီးငွေ့နိုင်သေးဘူးလား။ သူမက ဒီလိုအကြောင်းတွေကို နန်းတွင်းဝတ္ထုတွေထဲမှာ ဖတ်ရတာတောင် စိတ်ပျက်နေပြီကို အဲ့ဒီအကြံက ဘာကောင်းလို့လဲ။ Han Yunxi ၏ စိတ်ဝင်စားမှုမှာ အငွေ့ပျံသွားသော်လည်း ဤစုဝေးနေသည့် ဧည့်သည်များမှာမူ အကြံပေးမှုကြောင့် စိတ်လှုပ်ရှားလာကြသည်။

“မက်မန်းပွင့်တွေအတွက် ကဗျာဖွဲ့တာက ဒီတွေ့ဆုံမှုနဲ့ ကွက်တိပဲ။ ဒီ ပန်းတွေဝေနေတဲ့ ဥယျာဥ်ကို စိတ်မပျက်စေကြနဲ့။"

“ကျွန်မလဲ ပြောစရာရှိတယ်။ လူတိုင်းက တစ်ပိုဒ်စီလောက်ကဗျာဖွဲ့ပြီး မင်းသမီးက ကောင်းမွန်တဲ့ တစ်ချို့တစ်လေကို စာအုပ်ထဲထည့်သင့်တယ်။ ပြီးရင် ကျွန်မတို့က လေးစားရတဲ့ဧကရီကို လက်ဆောင်ပေးလို့ရပြီ။"

“ကောင်းတယ်.. ကောင်းတယ်… ကောင်းတယ်… အရမ်းကောင်းတဲ့ အကြံပဲ။"

ဒီအမျိုးသမီးများမှာ သူတို့၏ စတင်ရမည့် အခွင့်အရေးအား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ကဗျာဖွဲ့ခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် မက်မန်းပွင့်များနှင့် ဂီတဖန်တီးခြင်းဖြစ်စေ အကုန်လုံးမှာ စေ့စပ်စွာ ပြင်ဆင်လာကြသူများဖြစ်သည်။ ဘယ်သူက သူတို့ထက် အကောင်းဆုံးဖြစ်နိုင်မှာလဲ။

သို့သော်  Han Yunxi မှာ အဆုံးသတ်မလှပဲ ကံဆိုးမိုးမှောင်ကျပြီ ဖြစ်သည်။ ငယ်စဥ်တည်းက ပစ်ပယ်ခံထားရတဲ့ အသုံးမကျတဲ့ အမှိုက်က ဘာနားလည်မှာလဲ။ သူမရဲ့ ပုံမှန် အပြုအမူနဲ့ စကားပြောဟန်ကနေ ဆုံးဖြတ်ရင်တောင် သူမက  ရိုင်းစိုင်းတဲ့ သူဆိုတာ သူတို့က သိနိုင်တယ်။

လူတိုင်းမှာ  သူမ၏ ဖျော်ဖြေမှုအား မျှော်လင့်နေကြသည်။

မင်းသမီး Changping မှာ ရယ်မောကာ  Han Yunxi ထံသို့ ကြည့်လိုက်သည်။ “ တော်ဝင်အဒေါ်ချင် မက်မန်းပွင့်တွေနဲ့ ကဗျာဖွဲ့မှာကို ဘယ်လို ခံစားရလဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now