အခန်း(၃၀)

2.1K 174 0
                                    

အခန်း(၃၀)

လွတ်မြောက်ရန်အခွင့်အရေးရခြင်း။

“အိုင်ယား..စစ်သူကြီးငယ်ရဲ့ဖျားနာမှုက ရှုပ်ထွေးလွန်းတယ်။” Han Congan ဟာခေါင်းယမ်းရင်းပင် “ကျွန်တော်တို့နောက်ထပ်ရက်အနည်းငယ်လောက်စောင့်ကြည့်ရမယ်။"

ထိုစကားမှာမင်းသမီး Changping အားစိတ်ဆိုးစေပြီး “Han Congan ရှင်ဘာမှားနေတာလဲ။ ဘာလို့ဒီလောက်အသုံးမကျရတာလဲ။ ရှင်အစ်ကိုကြီးကိုမကုနိုင်ရင်..ရှင်ကိုကိုQingwu ကိုမကုနိုင်ရင် ဘာလို့ နတ်ဆေးသမားတော်လို့ခေါ်နေသေးလဲ။ အရူး။ရှင့်ကို တော်ဝင်အဘွားတော်နဲ့တိုင်ပြောမယ်။"

တုံးတလွန်းတဲ့မင်းသမီးဟာ Han Yunxi အားထိခိုက်ရင်း Mu Qingwu အားကယ်တင်ရန်ကြိုးစားနေသော်လည်း သူမဟာ အဘွားဖြစ်သူ၏ နယ်ရုပ်ဖြစ်နေမှန်းမသိချေ။

Han Congan ဟာ ဒေါသထိန်းရင်း စိတ်ရှည်စွာ “မင်းသမီး Changping  စိတ်အေးအေးထားပါ။ တော်ဝင်သမားတော်Gu တောင်မဖြေရှင်းနိုင်တဲ့ကိစ္စက.....။ သူ့ကို ဘယ်လောက်ကြာကြာစောင့်ကြည့်ဖို့လိုမလဲသိနိုင်ဘူး။ တကယ်လို့..တကယ်လို့..”

Han Congan ၏စကားများဟာ Gu Beiyue အားပစ်မှတ်ထားနေသည်။ မင်းသမီး Changping နဲ့ Mu liuyue ဟာကြောက်လန့်သွားပြီး Mu liuyue ဟာ မင်းသမီးထက်ဉာဏ်ကောင်းတာကြောင့် လျင်လျင်မြန်မြန်ပင်နားလည်သွားတယ်။ “မင်းသမီး တစ်နေ့က တော်ဝင်သမားတော်Gu နဲ့ Han Yunxi က အစ်ကို့ကို ကယ်ဖို့ကြိုးစားခဲ့တာ။ တကယ်လို့Han Yunxi သာအပြစ်ရှိတယ်ဆိုရင် သမားတော်Guလဲအတူတူပဲ။ ဒါပေမယ့် အဖေက အစ်ကိုကြီးကို ကုဖို့ သမားတော်Gu ကိုခွင့်ပြုထားတယ်။”

“မှန်တယ်။ သမားတော်Guကလဲ ကြံရာပါပဲ။" မင်းသမီးChangping ဟာသတိပြုမိသွားပြီး သူမခါးလေးမှာ နာကျင်လာပြန်သည်။ အမှန်ပြောရရင် သူမဒဏ်ရာမသက်သာသေးဘူး။ သူမခါးအားပွတ်သပ်ရင်း “ ငါအခုချက်ချင်း သူ့အကြောင်းကိုတရားရုံးဆီ သတင်းပို့လိုက်မယ်။"

Han Congan ဟာထပ်မံ ခေါင်းခါရင်း “လေးစားရတဲ့မင်းသမီး ဆေးပညာသင်တန်းကျောင်းက အကြီးအကဲတွေကို ဘာလို့ မဖိတ်တာလဲ။ သူတို့ မနက်ဖြန်လာကြည့်လို့ရတယ်လေ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Tahanan ng mga kuwento. Tumuklas ngayon