အခန်း(၃၇)

2.1K 193 0
                                    

အခန်း(၃၇)

တွေ့ဆုံမှု၊ စစ်သူကြီးငယ်၏ ကြင်နာမှုအား အမှတ်တရရှိမှု။

 

“မဟုတ်ဘူး။ တစ်ရက်ဆို လုံလောက်ပြီ။ ဆေးက ကိုယ်ထဲမှာကျန်နေတဲ့အဆိပ်တွေကို စုပ်သွားလိမ့်မယ်။ ဒဏ်ရာကိုသာ ရေမစိုစေနဲ့။ ညအိပ်ရင်လဲ ဖိမအိပ်မိစေနဲ့။” သူမ သေချာ ရှင်းပြလိုက်သည်။

အမှန်ပဲ သူက နာမှာမကြောက်ရင် ဒဏ်ရာကို ပြန်ဖွင့်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ။ Long Feiye ဟာ ခေါင်းငြိမ့်ကာ လက်ယမ်းလိုက်ပြီး သွားခွင့်ပြုလိုက်သည်။ ထိုအချိန်မှာတော့ သူမက ဆေးအိတ်လေးနဲ့ အစေခံကဲ့သို့။

ကောင်းပြီ။ သည်းခံရမယ်........

နောက်တစ်နေ့ သူမဆေးဖယ်ရှားရန်လာသည့်အခါ အားလုံး သူမပြောခဲ့သည့်အတိုင်းပဲ။ အဆိပ်က ဖြေဆေးထံသို့ လုံးဝစိမ့်ဝင်သွားပြီး မွေးကြိုင်နေသည့် ဆေးပင်များဟာ အညစ်အကြေးကဲ့သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူမ ရိုးရိုးရှင်းရှင်းပင် ပတ်တီးစည်းပေးလိုက်သည်။ အခု Long Feiye ရဲ့အဆိပ်ကို လုံးဝ ဖြေရှင်းပေးပြီးသွားပြီ။ သူမအား တစ်ခုခုပြောရန် မျှော်လင့်မိသော်လည်း ထိုလူက လက်တစ်ဖက်ယမ်းကာ သူမအားထွက်သွားခိုင်းလိုက်သည်။

ဘယ်လိုတောင် မာနကြီးပြီး နှလုံးသားမရှိတဲ့လူလဲ။

သူမ ကိုယ်ပိုင်အတွေးဆိုပေမယ့်လဲ ချက်ချင်းပြန်မသွားလိုက်ဘူး။ သူမ  အရိုအသေပေးကာ ပြောလိုက်သည်။ “ဝမ်ရယ် စစ်သူကြီးအိမ်တော်က ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။"

ချင်ဝမ်အိမ်တော် သိက္ခာနဲ့ သူ့အဆိပ်ဖြေဆေးအတွက် Mu Qingwu ကိစ္စမှာ သူဝင်ပါခဲ့တာ သူမသိသော်လည်း သူမ အသက်ကို ကယ်ခဲ့သေးတာပဲ။ မမျှော်လင့်စရာကောင်းအောင်ကိုLong Feiye ပြန်ဖြေပုံမှာ ရေခဲ ကဲ့သို့ပင်။

“မင်းက အဆိပ်ကုနိုင်ပေမယ့် ဘုရားအလောင်းမဟုတ်ဘူး။ မင်းအဆင့်အတန်းကိုမှတ်ထား..သူများ ကိစ္စဝင်စိတ်ပူပေးမနေနဲ့။ အပြင်လဲ ခဏခဏမထွက်နဲ့။ မှတ်မိတယ်မဟုတ်လား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် जहाँ कहानियाँ रहती हैं। अभी खोजें