အခန်း(၂၄)

2.1K 194 0
                                    

အခန်း(၂၄)

အခကြေးငွေတောင်းခံခြင်း။

Long Feiye ဟာ သူမအား သံသယမျက်နှာဖြင့် စိုက်ကြည့်နေပြီး Han Yunxi မှာမတုန်လှုပ်ပေ။ အတန်ကြာစိုက်ကြည့်ပြီးနောက် Long Feiye ဟာသူမမျက်လုံးထဲကတည်ငြိမ်မှုအား သတိပြုသွားပြီး လှည့်ထွက်သွားတယ်။

 Long Feiye ထွက်သွားတာသေချာမှ သူမလျင်လျင်မြန်မြန်မတ်တပ်ရပ်လိုက်တယ်။ ဒီလူ သူမရှာခိုင်းတဲ့ သုံးမျိုးကို ဒီလောက်အမြန်ကြီးရလာတာလား။

ဒီလူ ဘာဖြေဆေးလိုချင်တာလဲ။

ရေချိုးလာတဲ့သူမက ရေပြင်ပေါ်ရှိကြာပန်းကဲ့သို့ပင် သန့်စင်ပြေပြစ်လှသည်။ သူမက ပုံမှန်ထက်ကြည်လင်နေပြီး မျက်ဝန်းတွေက နှင်းများခဲနေသောရေကန်ကဲ့သို့ပင်ကြည်လင်လှတယ်။

Long Feiye ဟာသူမကို လှည့်ကြည့်လိုက်ပြီး မျက်ဝန်းတွေဟာ အတန်ငယ်နက်မှောင်သွားတယ်။ သူက သွေးစွန်းနေသောအဝတ်စတစ်ခုကို ထုတ်ပေးပြီး ဒီသွေးမှာအဆိပ်ရှိနေတယ်။ လာ...စစ်ကြည့်။"

အဆိပ်ဖြေစနစ်က အချိန်အတန်ကြာစဥ်ကပင် သူမကို အချက်ပေးပြီးသွားပြီ။ သူမအဝတ်စကိုယူလိုက်ပြီး အနံ့ခံလိုက်သည်။  သူမအနံ့ခံရုံနဲ့ အဆိပ်အားသတိမပြုမိတာကြောင့် သာမာန်အဆိပ်တော့မဟုတ်လောက်ဘူး။

ကျွန်မအနံ့ခံရုံနဲ့ ပြောလို့မရဘူး။ ကျွန်မကိုရေ့သန့်သန့်တစ်ခွက်ပေးနိုင်မလား။"

တကယ်တော့ သူမမလိုဘူး။ သူမ Long Feiye ကို ပထုတ်ဖို့ အကြောင်းပြချက်ပဲ။ ဒီလူက ပါးနပ်လွန်းတယ်။သူ့ရှေ့မှာ ညတုန်းကလို သွေးနမူနာကို သူမအဆိပ်ဖြေစနစ်လေဟာနယ်ထဲ စစ်ဆေးဖို့ထည့်လို့မဖြစ်နိုင်ဘူး။ညတုန်းက သူ့အဆိပ်ဖြေစဥ် သူက ဒဏ်ရာပြင်းထန်နေတဲ့အပြင်သူမလဲ အိပ်ခန်းထဲဝင်ပြီး အပ်နဲ့ဆေးတွေယူလို့ရတယ်။

Long Feiye ဟာအဆိပ်နှင့်ပတ်သက်ပြီးနားမလည်တာကြောင့် ငြင်းမနေတော့ပဲ ထွက်သွားသည်။ Long Feiye ထွက်သွားတာသေချာတာနဲ့ သူမစိုက်အပ်တစ်ချောင်းထုတ်လိုက်ပြီး အဝတ်စပေါ်မှ သွေးစက်ယူကာ အဆိပ်ဖြေစနစ်ထဲ စစ်ဆေးဖို့ထည့်လိုက်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now