အခန်း(၁၈၀)

1.3K 142 2
                                    

အခန်း(၁၈၀)

အံ့သြတကြီး။ သူက အဆိပ်မမိဘူး။







ရှေ့တွင် အလွန်အမင်း အဆိပ်ပြင်းသော အရာရှိနေသည်။ ၎င်း၏ သိပ်သည်းမှုနှင့် ပမာဏအား ဘေးဖယ်ထားလျှင်တောင် အဆိပ်ဖြေစနစ်မှာ ခွဲခြမ်းစိတ်ဖြာရန် မဖြစ်နိုင်ပေ။ သံသယရှိစရာမလိုပဲ ၎င်းမှာ Long Feiye  မှ ရှင်းပြခဲ့သော တားမြစ်နေရာရှိ ဆေးရေကန် ဖြစ်ရမည်။

Long Feiye  မှာ သူ၏ သရုပ်မှန်အား မျက်နှာဖုံးတပ်ကာ ဖုံးကွယ်လိုက်ပြီး Han Yunxi  အားလည်း တစ်ပုံစံတည်း ပြင်ဆင်ပေးလိုက်သည်။ သူက ကျောက်တုံးကြီးများအား ကွေ့ပတ်ကာ သူမအား ခေါ်ဆောင်သွားပြီး တားမြစ်နေရာထဲသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ရောက်လာသည်။ မကြာခင် သူတို့က ရှေ့တွင် မီးတိုင် အလင်းရောင်များ အားတွေ့လိုက်ရသည်။ Long Feiye မှာ Han Yunxi  အား ကျောက်တုံးကြီးတစ်တုံး၏ နောက်ဆို ဆွဲခေါ်ကာ ပုန်းအောင်းလိုက်လျှင် သူမက ခေါင်းလေးထုတ်ကာ ဂရုတစိုက် ချောင်းကြည့်လိုက်ပြီး အေးစက်စွာ အသက်ရှူလိုက်သည်။

သူတို့၏ ရှေ့တွင် ဘဲဥပုံသဏ္ဌာန် ရေကန်တစ်ကန်ရှိနေသည်။ ၎င်းမှာ ကြီးမားခြင်းမရှိပဲ ရေတွင်းအဝ နှစ်တွင်းစာလောက်သာ ရှိသည်။ ၎င်းမှာ အပင်အမျိုးအစားများစွာဖြင့် ပြည့်နှက်နေသည်။ ကြီးမားသော သစ်ရွက်များမှာ ရေကန်ထဲတွင် ထွက်ပေါ်နေသည်မှာ ကြာကန်နှင့်ပင် တူလှသည်။ ဘုရားရေ… ဒါပေမယ့် အဲ့တာတွေ အကုန်လုံးက အဆိပ်ပင် တွေချည်းပဲ။ အသစ်စက်စက် အဆိပ်ပင် အမျိုးအစားတွေ။ သူမရဲ့ အဆိပ်ဖြေစနစ်က နားပင်းမတတ် ကျယ်ကျယ်လောင်လောင် အချက်ပေးတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဘုရားရေ… ဒီမျက်နှာဖုံးစွပ်လူက ဒီအဆိပ်ပင်တွေကို ပျိုးထောင်နေတာ ဘယ်လောက်ကြာပြီလဲ။

မီးအိမ်များမှာ ရေကန်ပတ်လည်တွင် ထွန်းညှိထားသော်လည်း လူတစ်ယောက်မှ ရှိမနေပေ။

“ လူတွေက ဘယ်ရောက်နေတာလဲ။" Han Yunxi  မှ ရေရွတ်လိုက်သည်။

Long Feiye  မှာ ရေကန် ပတ်လည်ရှိ သစ်တောအား အာရုံစိုက်နေပြီး ပြန်မဖြေပေ။ သူက Han Yunxi  ၏ ဦးခေါင်းလေးအား သူ့ထံသို့ ပြန်ဆွဲကာ နေရာတွင် အုပ်မိုးထားလိုက်သည်။ Han Yunxi  မှာ ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း သစ်တောထဲမှ ခက်ထန်သည့် အသံတစ်သံမှာ ထွက်ပေါ်လာသည်။ “ ဘယ်သူလဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now