အခန်း(၂၈)

1.9K 190 0
                                    

အခန်း(၂၈)

အရှုံးမပေးခြင်း၊ တရားမဝင်အပြစ်ပေးမှု (၂)

ထောင်မှူးတွေဟာ ရေတစ်ပုံးပြီးတစ်ပုံးပက်လိုက်တာကြောင့် ရေတွေဟာ သူမလည်ပင်းမှစီးကျလာပြီး သူမ ခြေလက်များတုန်ရင်လာသည်အထိအေးခဲသွားသည်။

“အို.....မင်းတို့အရမ်း ပရမ်းပတာနိုင်တာပဲ။ ချင်ဝမ်ဖေးကို မထိစေနဲ့လေ။ ကြည့်ပါဦး ..သူကသနားစရာဖြစ်နေပြီ။"

မင်းသမီး Changping  ဟာကျယ်လောင်စွာရယ်ရင်း “ Han Yunxi မြန်မြန်သူတို့ကို တောင်းပန်လိုက်လေ။ မဟုတ်ရင်လဲ ငါ့ကိုတောင်းပန်ပေါ့။ ဟင်းဟင်း..ငါ့ကိုပါးရိုက်ဖို့ တောင်းဆိုလိုက်ရင် ပြန်လွှတ်ပေးမယ်လေ။"

မှန်တယ်။ မင်းသမီးChangping ကလက်စားချေရန်လာတာပင်။ Han Yunxi ကဘာမို့လို့လဲ။ သူမရဲ့ ကိုကိုQingwu ကိုထိရဲတယ်။ သူ့မကို ကောင်းကောင်းသင်ခန်းစာပေးပြီးဆုံးမရမယ်။ ဒီညတော့ ဒီမကောင်းတဲ့မိန်းမကို ပြန်ပေးဆပ်ခိုင်းရမယ်။

“ပက်စမ်း..ကောင်းကောင်းပက်စမ်း..ဒီမိန်းမကို တောင်းပန်လာတဲ့အထိပက်စမ်း။"

ကြမ်းပြင်မှပါးလွှာသည့် ရေခဲထုအားကြည့်ရင်း မင်းသမီးChangping က သူမကို မကြာခင်တောင်းပန်လာမည်ဟု ယုံကြည်နေသည်။

မကြာခင်ပဲသူမ စိတ်ပျက်သွားရတယ်။Han Yunxi က မတောင်းပန်တဲ့အပြင် ရှောင်ပင်မရှောင်တော့ပဲ အုတ်ကုတင်လေးကို မှီကာ မင်းသမီးအား စိုက်ကြည့်နေလိုက်သည်။ သူမရဲ့သနားစရာအခြေအနေက ရေစိုနေတဲ့ ခွေးကလေးတစ်ကောင်လိုဖြစ်နေသော်လည်း ပြိုင်ဘက်ကင်းအောင် ငယ်ရွယ်လှပကာ ထည်ဝါနေဆဲပင်။

သူမရဲ့ခရမ်းရောင်နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးကာပြုံးနေပြီး တည်ငြိမ်တဲ့မျက်ဝန်းများဟာ လှောင်ပြောင်မှုများနဲ့ပြည့်နှက်နေသည်။ ထိုအချိန်မှာပင် သူမက မင်းသမီး Changping အားအထက်စီးမှကြည့်နေသကဲ့သို့ပင်။

မင်းသမီး Changping က မကျေမနပ်ဖြင့်ပင် “ဘာပြုံးနေတာလဲ။ မကြည့်နဲ့။" သူမက Han Yunxi ကို ကစားနေတာလေ။ ဘာလို့သူမကပဲ အရှက်ခွဲခံနေရတယ်လို့ ခံစားနေရတာလဲ။ “မကြည့်နဲ့။ မျက်လုံးမှိတ်ထား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now