အခန်း(၂၅)

2.1K 200 1
                                    

အခန်း(၂၅)

အခြေအနေပြောင်းလဲသွားခြင်း။

Murong Wanru၏စကားများဟာ စစ်သူကြီးMu အားအေးစက်စက်အပြုံးတစ်ခုပေါ်လာစေပြီး “ သူဘယ်လိုလုပ် ရူးရူးမိုက်မိုက်လုပ်လဲမှာလဲ။ဟင်းဟင်းဟင်း.....တစ်ယောက်ယောက် သူ့ကိုခေါ်သွား။"

Han Yunxi ကလိုက်သွားဖို့ သဘောတူပြီးတာကြောင့် အတင်းအကြပ်လုပ်စရာလူမလိုပေ။ သူမ ရှင်းမပြနိုင်ခင်မှာပင် Murong Wanru ကပြန်ဆွဲလိုက်ပြီးတင်းမာစွာ “စစ်သူကြီးMu၊ ကြင်ယာတော်ကြီးYi  နဲ့ဝမ်ရယ်ဒီမှာမရှိတာနဲ့ ရှင်လုပ်ချင်သလိုလုပ်လို့ရမယ်မထင်နဲ့။"

ထိုစကားတွေဟာစစ်သူကြီးMu အား အိမ်တော်ရဲ့ အာဏာရှိလူနှစ်ယောက်မရှိဘူးဆိုတာ သတိပေးသလိုဖြစ်သွားပြီး ဆန္ဒရှိလိုလုပ်ခွင့်ပေးလိုက်တာပင်။

သူကရှေ့တိုးလာပြီး Murong Wanruဘေးက Han Yunxi အားဆွဲခေါ်ဖို့လုပ်လိုက်တယ်။ သူမလည်းကြမ်းတမ်းစွာပင် သူမကိုယ်သူမလွတ်မြောက်အောင်ရုန်းလိုက်ပြီး အော်လိုက်သည်။

“တော်လောက်ပြီ။ ငါသွားမယ်လို့ပြောပြီးပြီးပဲ။ ဘာတွေပြသနာလုပ်နေတာလဲ။"

စစ်သူကြီးMuကအံသြသွားပေမယ့် “ဒါဆိုလဲသွားကြတာပေါ့။"

သူမ Murong Wanru အား ပေါက်ထွက်မတတ်ကြည့်လိုက်ပေမယ့် ထိုမိန်းကလေးက တံခါးဝထိပြေးလိုက်လာပြီး “ယောင်းမ..မူဖေးနဲ့ ဝမ်ရယ်က ဘယ်အချိန်ပြန်လာမလဲမသိပေမယ့်စိတ်မပူပါနဲ့ သူတို့ပြန်လာရင် ယောင်းမကိုယ်စားပြောပေးပါ့မယ်။”

ဒီစကားများကြားချိန်တွင်တော့ စစ်သူကြီးMuဟာ Han Yunxi အားမည်သူမှမကယ်နိုင်တော့ဘူးဆိုတာ ယုံကြည်ချက်ရသွားသည်။ ဟင်းဟင်းဟင်း..Han  Yunxi မင်းဒါကိုအဆုံးထိတာဝန်ယူရလိမ့်မယ်။

Murong Wanru ၏စကားများဟာသူမနားကို ဒုက္ခပေးနေတာကြောင့် သူမဆက်မကြားချင်တော့ပေ။ တကယ်လို့အခွင့်အရေးသာရရင် သူမအရင်ဆုံးလုပ်မှာက ဒီ ကြာပန်းဖြူမရဲ့ ပါးစပ်ကို အသွားအောင်အဆိပ်ခတ်ပစ်မယ်။

မကြာမီပင် သူတို့စစ်သူကြီးအိမ်တော်ရောက်လာတယ်။ သူမလမ်းတစ်လျှောက်လုံး ပြသနာဘယ်မှာဖြစ်နေလဲဆိုတာ စဥ်းစားမရဘူး။ သူမရောက်သွားပြီးမှာတောင် သူမရဲ့ဆေးစစ်ချက်က မှန်တာသေချာတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Wo Geschichten leben. Entdecke jetzt