အခန်း(၃၁)

2K 168 4
                                    

အခန်း (၃၁)

ငုပ်မိသဲတိုင် တက်ဖျားရောက်နိုင်။



Mu liuyue ဘာပြောလိုက်လဲ ရှင်းရှင်းလင်းလင်းမရှိသော်လည်း သူမပြောပြီးလျှင် မင်းသမီးChangping နှင့် မြောက်ပိုင်းတရားရေးအရာရှိဟာ အတော်ပင်ကျေနပ်သွားပုံပင်။ အရာရှိဟာလက်မထောင်ရင်း “ပညာသားပါတယ်။ မိန်းကလေးMu က ဉာဏ်ကောင်းတာပဲ။"

“ကောင်းပြီ။Liuyue ကိစ္စအားလုံးပြီးသွားရင် ငါမင်းကို ဆုချမယ်။" မင်းသမီးChangping မျက်ဝန်းများဟာရွှင်မြူးနေပြီး မြောက်ပိုင်းတရားရေးအရာရှိအား ပြင်ဆင်ထားရန်အမိန့်ပေးလိုက်သည်။

Han Yunxi နင်ဒီတစ်ကြိမ်တော့ သေချာပေါက် သေရမယ်။

Han Yunxi ဟာMu Qingwu ၏သတင်းအား နေ့လည်ခင်းတစ်ခုလုံး စိတ်အားထက်သန်စွာစောင့်နေတယ်။ အခုတောင်မှောင်နေပြီ။ တစ်ရက်ထပ်ကုန်သွားပြီ။ မနက်ဖြန်နောက်ဆုံးနေ့ပဲ။ Gu Beiyue က သူမအား သွေးနမူနာလာပေးရန် မေ့နေ့သလားဟုပင် သူမတွေးမိလာသည်။

ညရောက်ချိန်မှာ အအေးသက်သာရန် အထူးပြင်ဆင်ထားသော စွပ်ပြုတ်နှင့် ကောင်လေးတစ်ယောက်သာ ရောက်လာသည်။သူမ တစ်ငုံသောက်ရုံဖြင့် Gu Beiyue လက်ရာဆိုတာသိတယ်။ သူမ ဒီသိတတ်သူကြောင့် နွေးထွေးသွားသည်။

သူမအသံတိုးတိုးဖြင့် “စစ်သူကြီးငယ် အခြေအနေ အပြောင်းအလဲရှိလား။"

ကောင်လေးဟာ ခေါင်းခါရင်း “ချင်ဝမ်ဖေး၊ မနက်က ဝမ်ဖေးရဲ့အဖေလာသွားတယ်။ သူပြန်ထွက်ပြီး တော်ဝင်သမားတော်Guက စစ်သူကြီးငယ်ဘေးမှာတစ်ဖဝါးမှ မခွါပဲ စောင့်ကြည့်နေပါတယ်။”

“Han Congan ..သူတစ်ခုခုပြောသွားသေးလား။" Han Yunxi ဟာထိုလူအား မခန့်မှန်းနိုင်တာကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ Han Congan က မယ်တော်ကြီးရဲ့နောက်လိုက်ခွေးဆိုတာ မြို့တော်တစ်ခုလုံးသိတယ်။

“ဒီအစေခံက သေချာမသိပါဘူး။ လေးစားရတဲ့ဝမ်ဖေး ကျေးဇူးပြုပြီး စွပ်ပြုတ်ပူတုန်းသောက်ပါ။" လူငယ်လေးဟာ အချိန်ကြာကြာနေလို့ မရတာကြောင့် သူမ ထိုလူငယ်စကားပြောနေစဥ်မှာပင် သောက်လိုက်သည်။ “နတ်ဆေးသမားတော်Han ကရောဂါမရှာဖွေနိုင်တာကြောင့် စစ်သူကြီးMuက ဒေါသထွက်နေပါတယ်။ တော်ဝင်သမားတော်Gu က အသက်စွန့်လွှတ်ခြင်းစာချုပ်ပေးလိုက်မှပဲ စစ်သူကြီးက သမားတော်Guကို ဆက်နေခွင့်ပေးပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now