အခန်း(၁၃၂)

1.5K 159 0
                                    

အခန်း(၁၃၂)

မြင့်မားသောစကား။ သူမနာမည်အား ပြုပြင်ခြင်း။

Murong Wanru မှ ယခင်ကပင် အထိတ်တလန့်ဖြစ်နေပြီး အနည်းငယ် ချဲ့ကား လိုက်ရုံဖြင့် သူမ၏ ကြောက်လန့်နေဟန်မှာ လက်တွေ့ကျသွားသည်။ သူမက အားနည်းနေသည့်ပုံစံဖြင့် မြင်သူတိုင်းက အကာအကွယ် ပေးလိုသည့် ခံစားချက်များ တိုးပွားလာစေသည်။

Murong Wanru မှာ ကြင်ယာတော်ကြီး Yi ၏ ဘေးသို့ အလျင်စလိုသွားလိုက်ပြီး မျက်ဝန်းထောင့်တွင် မျက်ရည်များ ဝေ့သီနေသည်။ “ မူဖေး သူမ အမှန်တကယ်ကို ကျွန်မ မထင်ထားမိဘူး…. သူမ အရမ်း ရဲတင်းလွန်းတာပဲ။ ကျွန်မဖြင့် ကြောက်လို့  သေရပါတော့မယ်။"

စကားဆုံးသည်နှင့် Murong Wanru မှာ ခေါင်းငုံ့ကာငိုကြွေးလိုက်လျှင် ကြင်ယာတော်ကြီးYi မှာ သူမအား ပွေ့ဖက်ကာ ကြည့်ရှုလိုက်သည်။ ပြင်းထန်သည့် ဒဏ်ရာအစား ခြစ်ရာလေးသာ တွေ့မှာသာ သူမက စိတ်အေးသွားသည်။ ကြင်ယာတော်ကြီးYi မှာ Murong Wanru အား လက်မောင်းမှဆွဲကာ သူမဘေးတွင် ထိုင်စေလိုက်သည်။ “ အကုန်လုံး အဆင်ပြေသွားပြီ။ အဆင်ပြေသွားပြီ။ မကြောက်နဲ့တော့…။"

Han Yunxi မှာ Murong Wanru ၏ သရုပ်ဆောင်မှုအား ကြည့်ရှုရန် စိတ်မဝင်စားပေ။ သူမက အသက်မဲ့နေသောမျက်လုံးများနှင့် ပြိုလဲနေသည့် အမူအရာဖြင့် သခင်မ Xu အား ကြည့်လိုက်သည်။

ဘာ….ဘာဖြစ်သွားတာလဲ။

သခင်မXu က ထင်ထင်ရှားရှားပဲ ပေါက်ကွဲနေပြီးမှ ဘာလို့ ရုတ်တရက် ညှိုးနွမ်းသွားရတာလဲ။ တိတိကျကျ ဘာဖြစ်သွားခဲ့တာလဲ။ Murong Wanru က တစ်ခုခု ပြောလိုက်တာ ဒါမှမဟုတ် လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ သခင်မXu ရဲ့ စရိုက်နဲ့ဆို သူမက လွယ်လွယ် လွှတ်ပေးမှာမဟုတ်ဘူး။ Han Yunxi မှာ   ခေါင်းပြန်လှည့်ကာ Murong  Wanru အား ကြည့်လိုက်လျှင် ကြင်ယာတော်ကြီးYi ၏ ရင်ခွင်ထဲတွင် ပုန်းအောင်းနေသည်အား မြင်လိုက်ရသည်။။ ယခုအချိန်တွင် Murong Wanru မှာ သခင်မXu အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်တော့ပေ။ သူမက ကြင်ယာတော်ကြီးYi ၏ ရင်ခွင်ထဲတွင် မှီကာ မျက်လုံးမှိတ်ထားလိုက်သည်။

စက်ဆုတ်ဖို့ကောင်းလိုက်တာ…. အခုတော့ သခင်မXuက မျှော်လင့်ချက် မရှိတော့ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now