အခန်း(၅၄)

1.8K 181 1
                                    

အခန်း(၅၄)

မျှော်လင့်ချက်။ ကုသရန်နည်းလမ်း။

“ကုမှာလား မကုဖူးလား???  ချင်ဝမ်ဖေး မင်းမှာ အိမ်ရှေ့စံကို ကုသဖို့ နည်းလမ်းရှိတာလား။" ဧကရာဇ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

အိမ်ရှေ့စံရဲ့ရောဂါဆိုရင် ခေတ်သစ်မှာ B-mode ဓါတ်မှန်နဲ့ အကုန်ဖော်ထုတ်နိုင်ပြီး ခွဲစိတ်လိုက်ရုံပဲ။ သို့သော် ရှေးခေတ်မှာတော့ အနည်းငယ်ခက်ခဲလိမ့်မယ်။ အဲ့ဒီလိုဆိုရင်တောင် သူမ အကြောက်အလန့်မရှိ ခေါင်းငြိမ့်လိုက်တယ်။ သူမမှာ သဘာဝကျအောင်ပဲ တခြားနည်းလမ်းရှိတယ်။

“ဘာလိုကုသမှုမျိုးလဲ။" Long Tianmo က အလျင်စလိုမေးလာပြီး သူ၏စကားများမှာ Han Yunxi စကားများအား ယုံကြည်ဟန်များ ဖော်ပြနေသည်။

“ကျွန်မ အကျိတ်ကို အဆိပ်သွေးတွေအဖြစ် ဖျော်ချလိုက်ဖို့ ဖြေဆေးလုပ်လိုက်မယ်။ အကြွင်းအကျန်တွေကို စိုက်အပ်နဲ့ထုတ်ဖို့ ဗိုက်ကို ခွဲရမယ်။" သူမ ရိုးသားစွာပြန်ဖြေလိုက်သည်။

တကယ်လို့ သူမ အိမ်ရှေ့စံရဲ့ ဗိုက်ကို တိုက်ရိုက်ခွဲပြီး ထိုအရာကိုထုတ်လိုက်ရင် အရမ်းနက်နဲတဲ့ ခွဲစိတ်မှုဖြစ်သွားနိုင်သည်။ သင့်တော်တဲ့ ကိရိယာတွေမရှိပဲ သူမ မစွန့်စားနိုင်ဘူး။ တကယ်လို့ သူမ ကိုယ်ထဲက အဆိပ်ကိုမဖယ်ခင် အရင်ဖယ်ရှားလိုက်ရင် စစ်သူကြီးငယ်တုန်းကလိုနဲ့ ဆင်သွားပြီ။ သွေးထွက်မလွန်သရွေ့ စွန့်စားရမယ်ဆိုရင်တောင် ကိစ္စတွေက သူမ ထိန်းချုပ်မှုအောက်မှာပဲ။

Han Congan မှ စကားစလာသည်။ “ဒါဆိုရင် မင်းက အိမ်ရှေ့မင်းသားရဲ့ ဗိုက်ထဲမှာ အကျိတ်ရှိနေတယ်ဆိုတာ သက်သေမပြနိုင်သေးဘူးလေ။"

“အကျိတ်က အဆိပ်သွေးအဖြစ် ပျော်လာရင် နတ်ဆေးသမားတော်Han က သွေးမှာ အဆိပ်ရှိမရှိ စစ်လို့ရတယ်။” သူမ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခုတင်ထားရင် နတ်ဆေးသမားတော်ဆိုသည်အား ဖိပြောလိုက်သည်။

Han Congan မှာ ဒေါသကြောင့် နီရဲလာပြီးနောက် အမုန်းတရားများဖြင့် ဖြူလာကာ စကားတစ်ခွန်းမှာ မဆိုနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now