အခန်း(၁၁)

2.4K 248 4
                                    

အခန်း(၁၁)

မင်းရဲ့ အရှင်ကို ဘယ်သွားစေချင်တာလဲ။

 

Han Yunxi ရဲ့ ကြောင်တောင်တောင် အမူအရာက ထိုအမျိုးသားကို အလွန်အမင်း စိတ်တိုစေပြီး ဓါးဟာ သူမလည်တိုင်ရှေ့ ပြန်ရောက်လာသည်။

သူကစိတ်မရှည်တော့ပဲ “ မြန်မြန်လုပ်"

သူမ သတိဝင်လာပြီး ကိုယ့်ကိုကိုယ် ကျိန်ဆဲလိုက်တယ်။

ငါဘယ်လိုတောင် သနားစရာကောင်းနေရတာလဲ။

သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး အာရုံစုစည်းလိုက်သည်။

“ဓါးဖယ်ပေး။ မဟုတ်လို့ ကျွန်မ လက်ချော်ပြီး မတော်တဆလုပ်မိရင် ကျွန်မ အပြစ်မဟုတ်ဘူး။"

ထိုအမျိုးသားဟာ မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ရင်း “မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

“ရှင် အာ့လို ယူဆလို့ ရတယ်"

ထိုအမျိုးသားရဲ့မျက်လုံးတွေက ဆွဲဆောင်နေလွန်းပေမယ့် သူမက အချစ်မှာကျရှုံးနေတဲ့သူ မဟုတ်ပေ။ သူမ အသက်ကို တန်ဖိုးထားတယ်။ ခြိမ်းခြောက်ခံနေရတာက သူမ တကယ်အာရုံမစိုက်နိုင်ဘူး။

Han Yunxi  ဟာတစ်ချက်လောက်ကြည့်လိုက်ရင် ထိုလူရဲ့ မျက်လုံးတွေ ကျဥ်းသွားတာကို တွေ့ရနိုင်ပြီး သူမကို ဓါးနဲ့ ဖြတ်လိုက်သလို ခံစားသွားရလောက်သည်။

သူက အေးစက်နေလဲ ဘာဖြစ်လဲ။ သူ့ကို တခြားသူလက်ထဲ ဒီလို အဆုံးသတ်ဖို့ ဘယ်သူကပြောလို့လဲ။

ဓါးက တဖြည်းဖြည်း နောက်ဆုတ်သွားတယ်။

Han Yunxi  လဲ စကားမပြောတော့ဘဲ ဝါဂွမ်းတံလေးနဲ့ ဒဏ်ရာကို ဂရုစိုက်သန့်စင်လိုက်တယ်။

အဆိပ်ဖြေရာမှာ ပထမဆုံး အပ်စိုက်ပြီး ဒုတိယ အဆိပ်လက်ကျန် ဖယ်ရမယ်။

အပ်စိုက်ခြင်းက ကိုယ်ထဲမှ အဆိပ်များဖယ်ရှားခြင်းဖြစ်ပြီး မဖယ်နိုင်တဲ့ လက်ကျန်များကို ဆေးဝါးသုံးပြီး ဖျော်ပစ်ရတာပင်။ နှစ်ခုထဲမှာ သူမက အဆိပ်ဖယ်ရှားတာကို ပိုကျွမ်းကျင်တယ်။

အဆိပ်ဖယ်ရာမှာလည်း နည်းလမ်းနှစ်မျိူးရှိတယ်။ ပထမတစ်နည်းက အပ်စိုက်တာဖြစ်ပြီး နောက်တစ်နည်းက ဆေးဝါးသုံးစွဲတာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now