အခန်း(၉၁)

1.6K 159 8
                                    

အခန်း(၉၁)

တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေး၊ လျှာသွက်အာသွက်။

 

“Chen Xiang” ခုနစ်ယောက်မြောက်မဒမ်မှာ စိုးရိမ်စိတ်များကြီးထွားလာပြီး သူမအား ဆွဲကာထိုင်ခိုင်းလိုက်သည်။ “Chen Xiang  မင်းက နားမလည်သေးပါဘူး။ များများရတာထက်စာရင် ဒုက္ခနည်းတာက ပိုကောင်းတယ်။ Yi’er က ငယ်သေးတယ်။ ငါက သူ့ကို အေးအေးချမ်းချမ်း ကြီးပြင်းလာဖို့လွဲပြီး ဘာမှ မျှော်လင့်မထားဘူး။"

“တကယ်လို့ အဲ့ဒီနေ့က ကျွန်မ သခင်မလေးသာ သူတို့ကို မတားရင် သခင်ငယ်လေးက အသက်ရှင်နိုင်ပါဦးမလား။ သူတို့က ဘယ်လောက်တောင် ရိုက်နှက်နေကြမလဲ။" Chen Xiang မှ စိတ်တိုလာပြီ။

တစ်ချိန်တည်းတွင် Yi’er လေးမှာ ပြတင်းပေါက်တွင် ထိုင်နေရင်း သူ၏ အမေအား စူးစမ်းနေသည်။ သူ၏ အဝတ်အစားများမှာ ဟောင်းနွမ်းကာ ကောင်းမွန်စွာ ချုပ်လုပ်ထားပြီး ဘောင်းဘီမှာ တိုလွန်းနေသည်။ အခြားကလေးများ အဝတ်အစားများကဲသို့ အရောင်တောက်တောက် သို့မဟုတ် ကောင်းမွန်စွာ အချိုးကျနေခြင်း မရှိသော်လည်း သန့်ရှင်း သပ်ရပ်၍ ဖော်မပြနိုင်သော အရှိန်အဝါရှိနေသည်။ သူ့ရဲ့ အမေဖြစ်သူ၏ စကားများအားနားထောင်ပြီးနောက် Yi’er လေး၏ မျက်နှာတွင် စိတ်ပျက်မှုများပေါ်ပေါက်လာသည်။ သူက အချိန်ပေါင်းများစွာ ပြောပြချင်သည်များရှိသော်လည်း အံကြိတ်ကာ စကားလုံးများအား မြိုသိပ်လိုက်သည်။

အမေဖြစ်သူရဲ့ သည်းခံနိုင်မှုက သူ့အားသည်းခံတတ်ရန် သင်ပေးထားတယ်။ သူက နာခံမှု ရှိသည့်ကလေးဖြစ်ပြီး နားလည်တတ်သည့်အရွယ်မှစ၍  နိမ့်ချစွာ နေခဲ့သည်။ Chen Xiang မှာ စကားပြောရင်း စိတ်တိုလေလေဖြစ်နေသည်။ ခုနစ်ယောက်မြောက်မဒမ်မှာ Chen Xiang မှ တိုက်တွန်းသည်များအားသာ နားထောင်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ Chen Xiang မှာ မည့်သည့်အချိန်မှစ၍ အခြားအကြောင်းအရာ ပြောဆိုမိသွားမှန်း သတိမထားမိလိုက်ပေ။ စိတ်ပျက်လက်ပျက်ဖြစ်သွားသော Yi’er လေးမှာ ပြတင်းပေါက်မှာ လျှောဆင်းကာ နှုတ်ခမ်းဆူလိုက်သည်။ ထိုစဥ်မှာပင် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now