အခန်း(၆၈)

1.8K 180 2
                                    

အခန်း (၆၈)

တိကျသော ဆေးစစ်ချက်။ မျိုးဆက် သုံးဆက် သေဒဏ်။

 



Han Congan မှာ စစ်ဆေးရန် စိတ်အားထက်သန်နေသော်လည်း ဧကရာဇ် Taihui မှ ချက်ချင်းခွင့်မပြုသေးပဲ လေးနက်စွာ မေးလိုက်သည်။ “ တော်ဝင်သမားတော်Gu မင်းက တစ်ကြိမ် စစ်ဆေးပြီးသွားပြီ။ သွေးထဲမှာ အဆိပ်ရှိလား။"

Gu Beiyue မှာ နူးညံ့သိမ်မွေ့သော်လည်း မြေခွေးတစ်ကောင်ဖြစ်နေဆဲပင်။ သူက ကျိုးနွံစွာ တုံ့ပြန်လိုက်သည်။ “အရှင်မင်းကြီး ဒီအမှုထမ်းက အဆိပ်များနဲ့ပတ်သက်ပြီး မကျွမ်းကျင်ပါဘူး။ နတ်ဆေးသမားတော်Han ကိုပဲ စစ်ဆေးခွင့်ပေးလိုက်တာ ဘယ်လိုပါလဲ။ သေချာပေါက်တော့ လုံခြုံမှုကအရင်လာရမှာပါ။  ကျွန်တော်မျိုးတို့က အဆိပ်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ စစ်ဆေးသင့်ပါတယ်။"

Han Congan မှာ သူ၏ ဆေးစစ်ချက်အား အခိုင်အမာယုံကြည်နေပြီး ယုံကြည်ချက်များလည်း ပြည့်နှက်နေသည်။ “ တော်ဝင်သမားတော် Gu ပြောတာမှန်တယ်။ အဆိပ်ပညာရှင်တွေကလည်း စစ်ဆေးသင့်တယ်။" သူက  Han Yunxi အားပင် လှမ်းကြည့်လိုက်ပြီး “ချင်ဝမ်ဖေး မင်းကော အဲ့ဒီလို မထင်ဘူးလား။"

Han Yunxi ခေါင်းငြိမ့်လိုက်သည်။ သူမ နှုတ်ခမ်းတွင် သရော်မှုများ ချိတ်ဆွဲထားပြီး စကားတစ်ခွန်းမှ မဆိုပေ။

“တစ်ယောက်ယောက် အဆိပ်သမားတော် သုံးယောက်ရှာခဲ့.. ချက်ချင်း….”  ဧကရာဇ် Taihui မှာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

မယ်တော်ကြီးနှင့် ဧကရီမှာ ဤကဲ့သို့ ကိစ္စရပ်များအား ကောင်းမွန်စွာပင် နားလည်ထားပြီး သူတို့က အကြည့်ချင်း ဖလှယ်လိုက်တယ်။ အကယ်၍ သွေးညစ်များမှာ အဆိပ်မဟုတ်ပဲ သန္ဓေသားမှဆိုလျှင် Han Congan နှင့်Han Yunxi နှစ်ယောက်စလုံးမှာ မလွယ်ကူနိုင်ပေ။ အိမ်ရှေ့စံမှ သက်သာလာပြီးမှာတော့ သူတို့က ဘာလို့ သမားတော် လိုအပ်နေဦးမှာလဲ။ Han Congan က ကျော်ကြားတဲ့ သမားတော်ဆိုရင်တောင် သူက သာမာန်လူပဲ။Han Yunxi ကလည်း ချင်ဝမ်ဖေး ဆိုသော်လည်း အများဆုံးမှာ ရာထူးသာရှိသည်။ Han Congan မှာ သူ၏ ဆေးစစ်ချက်အား သက်သေပြရန် စိတ်အားထက်သန်လွန်းနေပြီး အရေးကြီးသော အချက်တစ်ချက်အား သတိမပြုခဲ့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now