အခန်း(၁၂၂)

1.5K 165 27
                                    

အခန်း(၁၂၂)

စိတ်တိုလာပြီ။ ဒီဝမ်ဖေးကအပြစ်လွှတ်တယ်။


Gu Qishao မှ ရောက်လာခြင်းကြောင့် ပြေလျော့သွားသည့် တင်းကျပ်နေသော လေထုမှာ Long Feiye ၏ စကားများကြောင့် ပြန်၍ တင်းမာသွားသည်။ Huo Yang ၏သူလျှိုများနှင့် ပူးပေါင်းမှုကြောင့် ချင်ဝမ်ဖေးအား ဖမ်းဆီးရန် လွယ်ကူသွားခြင်း ဖြစ်တာကြောင့် Long Feiye ၏ အပြစ်တင်နေမှုမှာ မှားယွင်းမှုတော့ မရှိပေ။

“အရှင့်သား ချင်ဝမ်…… " အစောင့် Shangguan မှာ ရှင်းပြချင်နေသော်လည်း Gu Qishao မှ ရယ်မောကာ ဖြတ်ပြောလာသည်။

“အရှင့်သားချင်ဝမ် ဒီလူက  လေးစားရတဲ့ဝမ်ဖေးကို မထိခိုက်အောင် ကာကွယ်ဖို့ တောင်ဘက်တောင်တန်းတွေကနေ နောက်ကလိုက်လာတာပါ။ ဒီကောင်းမှုလေးက ကျွန်တော့်ရဲ့ ပျက်ကွက်မှုကို ပေးဆပ်နိုင်မလား မသိဘူး။"

အစောင့် Shangguan မှာလည်း အလျင်စလို ဝင်ရောက်ပြောဆိုလာသည်။ “ အရှင့်သားချင်ဝမ် .. ကျွန်တော်တို့ရဲ့ ပိုင်ရှင်က ဒီမှာ ရှိတာ ကံကောင်းသွားတာပါ။ မဟုတ်ရင် ကျွန်တော်တို့က ခြေတစ်လှမ်း နောက်ကျသွားနိုင်ပါတယ်။"

ထိုစကားများမှာ  ကယ်ဆယ်ရေးအတွက် အားထုတ်မှုများတွင် Long Feiye နှင့် ယှဉ်ပြိုင်နေသည် အရိပ်အယောင်များ ပါဝင်နေသည်။ အစောင့် Shangguan မှာ ပုံမှန်ဆိုလျှင် ထက်မြက်သော လူတစ်ယောက် ဖြစ်သော်လည်း ချင်ဝမ်၏ ရှေ့တွင် စိတ်လှုပ်ရှားမှုကြောင့် အမြဲတစေ ထုံထိုင်းနေသည်။ ဤကဲ့သို့ အခြေအနေများတွင် ရိုးသားနေခြင်းမှာ ကောင်းမွန်ခြင်းမရှိပေ။ Long Feiye မှာ သူ၏ စကားများအား သဘောမကျပဲ သူ၏ မျက်လုံးများမှာ ပို၍ အေးစက်နေသည်။ သူက ငြင်းလည်း မငြင်းဆန်နိုင်ပေ။

သို့ရာတွင် သူက လျစ်လျူရှုထားလိုက်သည်။

“သူမ လက်မောင်းက ဒဏ်ရာကကော ဘယ်လိုဖြစ်တာလဲ။" Long Feiye မှာ ချက်ချင်းပင် မေးလိုက်သည်။

သူက သတိမပေးလိုက်လျှင် Han Yunxi မှာ ထိုအကြောင်းအား မေ့နေလောက်ပြီဖြစ်သည်။  

ဒါက Gu Qishao ရဲ့ ကြာပွတ်နဲ့ရိုက်မိတာဖြစ်ပြီး အဲ့တာကြောင့် သူက သူမကို မျက်နှာဖုံးစွပ်လူ လက်ထဲက ဆွဲခေါ်ရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ ဒီဒဏ်ရာက တန်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now