အခန်း(၁၂၇)

1.4K 144 9
                                    

အခန်း(၁၂၇)

ထိပ်တိုက် ရင်ဆိုင်ခြင်း။ လူတိုင်းကို စုဝေးလိုက်။

“လေးစားရတဲ့ဝမ်ဖေး သခင်ကြီးက ဒီလို လုပ်မှာမဟုတ်ဘူး။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မေးကြည့်လိုက်ပါ။  ဘယ်မိသားစုက အိမ်ထောင်ကျပြီးသား သမီးကို အိမ်ပြန်ပြီး အိမ်ကိစ္စတွေကို စီမံခိုင်းလို့လဲ။" သခင်မXuမှာ အေးစက်စွာ ပြုံးလိုက်ပြီး Han Yunxi အား ငြင်းဆန်လိုက်သည်။ လူအုပ်ကြီးမှာလည်း အချင်းချင်း တွတ်ထိုးကြလာပြန်သည်။

သခင်မXu မှာ ကြင်ယာတော်ကြီးYi အား ကြည့်ရင်း စိတ်အားထက်သန်စွာ မေးလိုက်သည်။ “ လေးစားရတဲ့ တော်ဝင်ကြင်ယာတော်ကြီး ဒီလို ဆင်ခြေမျိုးကို ယုံကြည်ပါသလား။"

“ သခင်မXu  ဒါဘာ အဓိပ္ပါယ်လဲ။ ရှင်က ဒီဝမ်ဖေးကို သံသယဝင်နေတာလား။" Han Yunxi မှာ ဒေါသထွက်လာဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့။"  သခင်မXu မှာ အရာအားလုံးအား စွန့်စားကာ ရှေ့ဆက်တိုးလိုက်သည်။ ကိစ္စတွေက ဒီအခြေအနေပဲ ရောက်နေပြီ သူမမှာ ရွေးချယ်စရာမရှိတော့ဘူး။မဟုတ်ရင် သူမက ရည်ရွယ်ချက်ကို ကျရှုံးသွားတဲ့အပြင် Han Yunxi က သူမ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူမက ဒီနေ့ သခင်ကြီးကို တွေ့ပြီး သော့ပြန်ယူရမည်။ သူက ဖော်ထုတ်လိုက်တာနဲ့ Han Yunxi လည်း ဒုက္ခရောက်သွားလိမ့်မယ်။

သခင်မXu မှာ Han Yunxi ၏ မေးခွန်းအား တိုက်ရိုက် ​မဖြေပဲ သူမ မေးခွန်းအားသာ ထပ်မံမေးမြန်းလိုက်သည်။" ကြင်ယာတော်ကြီးYi က ယုံကြည်ပါသလား။"

သူမ ကြင်ယာတော်ကြီးYi အားလူအုပ်ရှေ့တွင်ဖြေကြားစေရန် ဖိအားပေးခဲ့သည်။ အဆုံးတွင် တော်ဝင်ကြင်ယာတော်ကြီးမှာ ထူးခြားသော အဆင့်အတန်းဖြစ်ပြီး ထိုမေးခွန်း၏ အကျိုးသက်ရောက်မှုမှာ လှိုင်းတံပိုးများစွာ ထန်စေသည်။ ကြင်ယာတော်ကြီးYi မှာ သခင်မXu အား အနည်းမျှပင် သဘောမကျဖြစ်နေစဥ် Han Yunxi မှာ သူမအား မြှောက်ပင့်ခဲ့သည်။ သို့တိုင် ဤသို့ အချိန်မျိုးတွင်ပင် ကြင်ယာတော်ကြီးYi မှာ သခင်မXu ဘက်တွင် ရပ်နေချင်သေးသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now