အခန်း(၁၉၄)

1.4K 147 17
                                    

အခန်း(၁၉၄)

သူမနဲ့  ပေးထားလိုက်ပြီ။






ထိုကြွေပုလင်းထဲတွင် Long  Feiye  နှင့် ဆက်နွယ်နေသည့် စိတ်ကူးလိပ်ပြာအိပ်မက် ရှိနေသည်။ ၎င်းမှာ သူ၏ တစ်ဘဝလုံးနှင့် ဆက်စပ်နေသော အဆိပ်ဖြစ်ပြီး မြေပြင်တုန်လှုပ်သွားစေနိုင်သည့် လျှို့ဝှက်ချက် ရှိနေသည်။  Long Feiye  မှာ ဒီတစ်ကြိမ်တွင် Han Yunxi  အား သူနှင့် အတူခေါ်ဆောင်လာခြင်းမှာ ဤအမျိုးသမီးမှာ သူ၏ ဘေးတွင်ထားရန် တန်ဖိုး ရှိမရှိ စစ်ဆေးလိုခြင်း ဖြစ်ကြောင်း Tang Li မှ သိနေသည်။  Han Yunxi  ၏  စွမ်းဆောင်မှုမှာ အမှန်တကယ်ပင် သူမက တန်ဖိုးရှိကြောင်း သက်သေပြနိုင်သော်လည်း Long Feiye  မှာ သူမအား ထိုကဲ့သို့ အရေးကြီးသည့် ပစ္စည်းအား လေ့လာရန် တိုက်ရိုက်ပေးလိုက်မည်ဟု မထင်ထားပေ။

နောက်ဆုံးတွင် သူနှင့် Chu Xifeng  မှ လွဲလျှင်  Long Feiye ၏ ဘေးမှ မည်သူမှ ဤပစ္စည်းအား မမြင်ဖူးပေ။

အတိတ်တွင် Chu Xifeng မှ Han Yunxi  မှာ ထူးဆန်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ဆက်တိုက်ဆိုသလို သတိပေးနေခဲ့သည်။ သူမက ယခင်က ဟန်မိသားစု၏ အသုံးမဝင်သောအမှိုက်နှင့် လုံးဝ ကွာခြားပြီး အလွန် သံသယရှိဖွယ် ကောင်းလှသည်။ ထို့အပြင် သူမမိခင်ဖြစ်သူ၏ ဇာတ်မြစ်မှာလည်း ဆေးပညာသင်တန်းကျောင်းနှင့် ဆက်စပ်မှုများ ရှိနေသည်များလွဲ၍ အခြားမသိရပေ။

တစ်နည်းဆိုရလျှင် ထိုမိန်းမမှာ ရိုးရှင်းသည် မဟုတ်ပဲ လုံခြုံမှု မရှိပေ။

Tang Li မှာ တားမြစ်ချင်နေသော်လည်း Long Feiye မှာ သူ့အား ခက်ထန်စွာ ကြည့်ကာ တားမြစ်လိုက်သည်။ Han Yunxi  မှာ ရှေ့တွင် ရှိနေသဖြင့်လည်း သူက အတွန့်တက်ရန် ခက်ခဲနေပြီး စိတ်ဆိုးမာန်ဆိုးဖြင့်သာ ပါးစပ်ပိတ်လိုက်ရသည်။ Han Yunxi  မှာ မူ ကြွေပုလင်းအား ယူလိုက်ပြီး ပဟေဌိဖြစ်နေသည်။ ပုံမှန်အားဖြင့် အဆိပ်မှာ အနီးတွင် ရှိနေလျှင် သူမက ချက်ချင်း သိရမည်ဖြစ်သည်။ သို့သော် သူမက ပုလင်းအား ဖွင့်လိုက်ပြီး အကြိမ်အနည်းငယ် အနံ့ရှူကြည့်လိုက်သော်လည်း အဆိပ်အား မတွေ့ရပေ။ သူမက အဆိပ်အား မသိနိုင်လျှင်တောင် ဆေးဝါးတောအုပ်မှ အဆိပ်ရေကန်မှာ သူမအား တုံ့ပြန်မှု ပေးသေးသည်။ သို့သော် ထိုပုလင်းထဲရှိ အကြည်ရောင် အရည်မှာ အလွန်တရာ ဆန်းကြယ်လှသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now