အခန်း(၃၆)

2.1K 186 1
                                    

အခန်း(၃၆)

ရှင့်ကို ကောင်းကောင်းပေးကြည့်လိုက်မယ်။



ကိစ္စအားလုံး သေချာဖြေရှင်းပြီးနောက်မှာတော့ သူမ ချင်ဝမ်အိမ်တော်ကို အချိန်တိုအတွင်း အမြန်ပြန်လိုက်တယ်။ Long Feiye က သူ့အခန်းထဲမှာ အဝတ်အစားလဲပြီးနောက် စာကြည့်ခန်းမှ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ရွှေချည်ထိုးထားသည့် ဝတ်ရုံအား ဝတ်ဆင်ထားပြီး မင်းမျိုးမင်းနွယ်ဟူသော အရောင်အဝါမှာ သိပ်သည်းစွာထွက်ပေါ်နေသည်။ ဒါက သူမ ပထမဆုံးအကြိမ် ယောကျာ်းတစ်ယောက်က ရွှေရောင်နဲ့ လိုက်ဖက်နေတာကို မြင်ဘူးတာပဲ။ သူမ သူ့ရှေ့မှာ နိမ့်ကျသွားသလိုတောင် ခံစားလိုက်ရတယ်။

သူမ အသက်ပြင်ရှူလိုက်ရင်း ရှေ့သို့ လျှောက်သွားလိုက်သည်။

“ဝမ်ရယ်။"

“မင်းတောင်းတဲ့ ပစ္စည်းသုံးမျိုးက စားပွဲပေါ်မှာ။ မင်းဖြေဆေးစလုပ်လို့ ရပြီ။" သူက လှည့်ပင်မကြည့်ပဲ ရိုးရှင်းစွာပြောလိုက်သည်။

သူမ ဘေးကိုကြည့်လိုက်လျှင် နွေရာသီဇီ ဆောင်းဦးဇီ နဲ့ ဆောင်းရာသီဇီ ဟုခွဲထားသော ဧရာမဆေးပစ္စည်းပုံ ၃ပုံကို တွေ့လိုက်ရသည်။

ကောင်းတာပဲ။ ဒါတွေက ရှာဖို့ လွယ်တာမဟုတ်ဘူး။ ဒီကောင်က အများကြီးယူလာမယ်လို့တောင် မထင်ထားဘူး။

သူမ တိတ်တိတ်လေး ကျေနပ်သွားသည်။ သူမအများကြီး သုံးဖို့မလိုတာကြောင့် ကျန်တာကိုသူမရဲ့ အဆိပ်ဖြေစနစ်ထဲမှာ သိမ်းထားလို့ရတယ်။ အဆိပ်ပေါ်မူတည်ပြီး သူမ ဒီပစ္စည်း ၃မျိုးကို အဆိပ်ဖြေဆေး အမျိုးမျိုးမှာ သုံးလို့ရတယ်။

“ဝမ်ရယ် ချန်ချီက ဖြေဆေးအတွက် ရောစပ်ပြီးတာကို ကျေးဇူးပြုပြီး စောင့်ပေးပါဦး။” သူမ ပြောရင်း ထို ပစ္စည်းများအား သူမဆေးအိတ်လေးမှာသိမ်းရန်ပြင်လိုက်သည်။ Long Feiye ၏အေးစက်သောမျက်လုံးများက သူမဘက်လှည့်လာတယ်။

“ဒီမှာပဲ ဖြေဆေးလုပ် ..ဒီအရှင်က ကြည့်ချင်သေးတယ်။"

ကျစ်....

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now