အခန်း(၆၂)

1.7K 173 4
                                    

အခန်း(၆၂)

ခြိမ်းခြောက်ခြင်း။ ဆေးလုံးမိစ္ဆာ၏ရန်ငြိုး။

ပိန်လှီရှုံ့တွနေသော ဆေးလုံးမိစ္ဆာ၏ လက်မှာ အခြေခံအားဖြင့် အရိုးနှင့် အရေပြားသာဖြစ်ပြီး အဆစ်များကိုပင် ထင်ရှားစွာမြင်ရသည်။ ထို့ပြင် ထိုလက်များမှာ မဲနက်နေပြီး မြင်သူတိုင်းအား ဆံပင်များ ထောင်သွားစေနိုင်သည်။ သို့တိုင် ထိုလက်များမှာ ကျင်လည်စွာဖြင့် စုတ်တံကိုင်ကာ စာလုံးများအား အထိန်းကွပ်မရှိရေးနိုင်သည်။ မကြာမီ ဆေးလုံးမိစ္ဆာမှာ စာရွက်တစ်ရွက်လုံးအပြည့် ဆေးပင် မျိုးပေါင်းနှစ်ဆယ်လောက်ရေးချလိုက်သည်။

Long Feiye ၏ အကြည့်ရှုပ်ထွေးလာပြီး မပျော်မရွှင်ဖြစ်လာသည်။ “ငါတို့က အသက်သွေးဆေးလုံးကို အသက်ကယ်ဖို့ စောင့်နေတာ။ မင်းက သူတို့ကို တစ်ဘဝလုံးရှာခိုင်းချင်နေတာလား။"

“ဆေးလုံးမိစ္ဆာအရှင် အသက်ကယ်တဲ့အချိန်မှာ အချိန်ဖြုန်းလို့မဖြစ်ပါဘူး။" Duanmu Baiye မှလဲ ပြောလာသည်။

“အဟမ်း အဟမ်း" ဆေးလုံးမိစ္ဆာမှာ အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး မပျော်မရွှင်ဖြစ်သွားသည်။ ဆေးပင်နည်းနည်းလေးဆို သူတို့ကခဏလောက်ပဲ ရှာရမှာပေါ့။ ဘယ်လောက်တောင် ပျင်းစရာကောင်းလိမ့်မလဲ။ သူက အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက် ရှာခိုင်းချင်တာ။ ဒါမှ သူက မပျင်းရပဲ အလှလေးတွေ ဆေးပင်ရှာတာကို နေ့တိုင်း ကြည့်နေရမှာ။  အသက်ကယ်မယ့် ကိစ္စအတွက်ကတော့ သူ့နဲ့ဘာဆိုင်လဲ။ တောင်ကြားအပြင်မှာလဲ အကယ်ခံရဖို့ စောင့်နေတဲ့လူမှ နေ့တိုင်းအများကြီးရှိတယ်။

“တကယ်လို့ အရမ်းများနေရင် မပြိုင်နဲ့။" ဆေးလုံးမိစ္ဆာမှ အေးစက်စက်ပြုံးလိုက်သည်။

Duanmu Baiye နှင့်Duanmu Yao မှာ စိုးရိမ်စိတ်များ ကြီးထွားလာပြီး သူ၏ ကမ်းလှမ်းချက်အား လက်ခံရန် ပြင်လိုက်စဥ်  Long Feiye မှ ပြောလိုက်သည်။ “ကောင်းပြီ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now