အခန်း(၁၈)

2.2K 227 0
                                    

အခန်း(၁၈)

လေးစွာဖွယ် အမျိုးသား။

Long Feiye ဟာ မယ်တော်ကြီး၏ မေးခွန်းကြောင့် အခက်တွေ့သွားပြီလို့ သူမထင်လိုက်ပေမယ့် သူက အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။

“ ကျွန်တော် မနေ့က အလုပ်များသွားလို့ပါ။ သတို့သမီးက အိမ်တော်ထဲ ဝင်လာခဲ့တယ်ဆိုတော့ အဆင်ပြေသွားပါပြီ။"

အလုပ်များနေလို့ရိုးရှင်းလိုက်တာဒီလိုပြောလို့အဆင်ပြေတယ်ပေါ့…. 

မယ်တော်ကြီးဟာ လက်ချောင်းတွေ တောင့်တင်းသွားတာကို သူမသတိပြုမိလိုက်သည်။ Han Yunxi ဟာ မုန်တိုင်းတိုက်တော့မှာလားလို့ တောင်ထင်မိသွားတယ်။

မယ်တော်ကြီးဟာ အနည်းငယ်စဥ်းစားပြီး မကျေမနပ်နဲ့ ကြည့်လိုက်တယ်။ သူမစကားထပ်ပြောလာချိန်မှာ ထူးဆန်းနေပြီး “ မင်းအလုပ်များတာ ငါနားလည်ပေမယ့် သတို့သမီးကိုတော့ အေးစက်စက် မလုပ်နဲ့ပေါ့။"

Long Feiye အမူအရာက အရင်အတိုင်းပဲ။ အရည်ဖျော်ချလို့မရတဲ့ ရေခဲတုံးကြီးလိုပဲ။

မယ်တော်ကြီးဟာ သူမလက်ကို ပုတ်လိုက်ပြီး “ နောက်များ သူမင်းအပေါ်မကောင်းရင် နန်းတော်လာပြီး ငါကိုတိုင်လှည့်။ ဒီမယ်တော်က မင်းဘက်က ရပ်တည်ပေးမယ်..နားလည်လား။"

သူမ ခေါင်းငြိမ့်လိုက်ပေမယ့် စိတ်လှုပ်ရှားသွားတယ်။ ဧကရာဇ်တောင် ချင်ဝမ်ကို မျက်နှာသာပေးရတာ မယ်တော်ကြီးလဲ ဒီလိုဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားဘူး။ ဒီလူက တကယ်လေးစားဖို့ကောင်းတာပဲ။

ထိုစဥ် အစေခံမိန်းမအိုကြီးမှ ပုဝါဆက်သလိုက်သည်။

“လေးစားအပ်သော မယ်တော်ကြီး..ပုဝါပေါ်ရှိသွေးစက်အား ရှုစားတော်မူပါ။"

အေးချမ်းနေတဲ့ လေထုက ရုတ်တရက် တင်းမာလာတယ်။ မျက်လုံးပေါင်းများစွာက မယ်တော်ကြီးမှ ပုဝါယူမယ့်အချိန်ကို စောင့်ကြည့်နေကြသည်။ တိတိကျကျဆိုလျှင် Han Yunxi   အားလှောင်ရန်စောင့်နေကြတာပင်။

သူမ လှတော့ကောဘာဖြစ်လဲ။ မယ်တော်ကြီးက ချင်ဝမ်ကို သူမနဲ့လက်ဆက်ဖို့ အတင်းအကြပ် အမိန့်ချလိုက်တာ။ ချင်ဝမ်အတွက် သတို့သမီးအသစ်နဲ့ ဧကရာဇ်နဲ့ မယ်တော်ကြီးအား ဂါရဝလာပြုတာကပင် မျက်နှာသာပေးရာကျနေပြီ။ Han Yunxi ဟာ မင်္ဂလာဦးညမှာ သူနဲ့ မအိပ်ခဲ့ရဘူးဆိုတာ ကျိန်းသေတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now