အခန်း(၁၁၈)

1.5K 174 12
                                    

အခန်း(၁၁၈)

ကြိုတင် မမြင်နိုင်သော… အဆိပ်သခင် ရောက်လာခြင်း။


Mu Qingwu နှင့်အစောင့် Shangguan မှာ ကမ်းပါးမှ Long Feiye နောက် လိုက်သွားပြီး မြောက်ဘက် သစ်တောအုပ်တွင် သိပ်သည်းသော အနက်ရောင် အစုအဝေးကြီးက မဲနက်နေသောတိမ်တိုက်ကြီးကဲ့သို့ စုစည်းနေကြောင်း ချက်ချင်း တွေ့လိုက်ရသည်။

ဘာဖြစ်နေတာလဲ။

အရှင့်သားချင်ဝမ်မှ အလျင်စလို အဝေးသို့ အပြေးအလွှား သွားလိုက်လျှင် အမျိုးသားနှစ်ယောက်မှ သူတို့ ပြန်မထိနိုင်သော ဘုန်းတော်ကြီးကဲ့သို့ဖြစ်နေသည်။ သူတို့က တုံဆိုင်းနေကြသည်။ သူတို့က လိုက်သွားသင့်လား။ သူတို့က ယိမ်းယိုင်နေစဥ်တွင် မြောက်ဘက်ရှိ ဘဲဥပုံသဏ္ဌာန် အနက်ရောင်အစုအဝေးကြီးမှာ ရှည်လျားသော မျဥ်းကြောင်းတစ်ကြောင်းကဲ့သို့ မြောက်ဘက်သို့ ဦးတည်သွားသည်။

ဘာဖြစ်သွားတာလဲ။

အဆိပ်မြူတွေက ပုံစံ ပြောင်းနိုင်လို့လား။ လေကြောင့်လို့ ပြောရအောင်လည်း အခုလို ပုံစံကျကျနဲ့ လျင်လျင်မြန်မြန် ပြောင်းလဲမသွားသင့်ဘူး။ ပြောစရာမလိုတာတစ်ခုက လေကလည်း တောင်ဘက်မှ တိုက်ခတ်လာခြင်းဖြစ်သည်။

ထူးဆန်းတယ်…

“စစ်သူကြီးငယ် အဲ့တာတွေက အဆိပ်မြူတွေကော ဟုတ်ရဲ့လား။" အစောင့် Shangguan မှာ မထိန်းချုပ်နိုင်ပဲ တစ်ခုခုမှ မှားယွင်းနေသည်ဟု စဥ်းစားနေမိသည်။

Mu Qingwu ၏ မျက်လုံးမှာ ထိုအနက်ရောင်အစုအဝေးကြီးမှ စတင်လည်ပတ်ကာ ပျံသန်းသွားသည်အထိ စိုက်ကြည့်နေသည်။ အဲ့တာက မြောက်ဘက်သို့ လွင့်နေသော ဖဲကြိုးနှင့် ဆင်တူသည်။ အရူးတစ်ယောက်ကတောင် အဲ့တာက အဆိပ်မြူမဟုတ်ဘူးဆိုတာ သိနိုင်တယ်။

“လိုက်..” Mu Qingwu မှာ ခုန်ဆင်းကာ နောက်မှလိုက်သွားလိုက်သည်။ အစောင့် Shangguan မှာလည်း သိပ်တွေးမနေတော့ပဲ လိုက်သွားလိုက်သည်။

ထိုအချိန်တွင် Long Feiye မှာ အဆိပ်ခြင်အုပ်နှင့် နီးကပ်စွာရောက်ရှိနေသည်။ သူက အနီးရှိ သစ်ပင်တစ်ပင်တွင် ဆင်းသက်လိုက်ပြီး လေထဲရှိ ခြင်အုပ်မှာမူ အချင်းချင်း တိုးဝှေ့တိုက်ခိုက်ကာ အရှေ့သို့ ပျံသန်းသွားပြီး လေထဲရှိတစ်စုံတစ်ရာအတွက် လုယက်နေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now