အခန်း(၉)

2.3K 222 0
                                    

အခန်း(၉)

ထူးဆန်းသောလူ။

သူမ မနက်ကနေညအထိ စောင့်နေခဲ့တယ်။ သတို့သား မပြောနဲ့ လူရိပ်အယောင်တောင် မတွေ့ရဘူး။ သူမ မအိပ်ပျော်ခင် ခေါင်းအုံးကိုမှီရင်း လှဲလိုက်တယ်။

ရုတ်တရက် ပြတင်းပေါက်မှ ကျယ်လောင်တဲ့ အသံကြောင့် သူမနိုးလာတယ်။ အပြင်က မီးအိမ်ဟာ ဆီမလောက်တာကြောင့် သိပ်မလင်းတော့ပေ။ သူမ မကျေမနပ်နဲ့ပဲ စောင့်ကြည့်နေလိုက်ရတယ်။

အတန်ကြာသွားချိန်မှာတော့ သူမ သည်းမခံနိုင်တော့ပဲ သတိထားပြီး အပြင်ထွက်ကြည့်လိုက်ကာ..

“ဘယ်သူလဲ"

အပြင်မှာ တိတ်ဆိတ်ပြီးမှောင်နေတယ်။ ပြန်ဖြေသံလဲ မကြားရဘူး။

“တစ်ယောက်ယောက် ဝင်လာတာလား.. ဘယ်သူလဲ" သူမ မီးအိမ်ထွန်းရင်း ထပ်မေးလိုက်တယ်။

ရုတ်တရက် သူမခေါင်းထဲမှ ဒေါ့ဒေါ့ဒေါ့ ဟူသော အချက်ပေးသံ ကြားလိုက်ရတယ်။ အဆိပ်သတိပေးချက်ပဲ။

ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက်က သူမကို အဆိပ်ခတ်ဖို့ ရောက်လာတာလား။

Han Yunxi တုန်လှုပ်သွားပြီး အိပ်ဆောင်ထဲ ပြန်ဝင်ဖို့ လုပ်လိုက်တယ်။ ဘယ်သူသိမှာလဲ။ တစ်ချိန်တည်းမှာပဲ လက်တစ်ဖက်က သူမ ခြေကျင်းဝတ်ကိုလှမ်းဆွဲ လိုက်မယ်ဆိုတာ။

“အ…”  သူမ မအော်နိုင်ခင်မှာပဲ ထိုလူက သူမကို နောက်ပြန်ဆွဲခေါ်သွားတယ်။ သူမ လက်ထဲမှ မီးအိမ်ဟာ လဲပြုတ်ကျသွားပေမယ့် ထိုအရာတွေကို စိတ်မပူနိုင်သေးဘူး။ သူမ ထိုလူရဲ့ လက်တစ်ဖက်ကိုကန်ကျောက်ရင်း အလုပ်များနေခဲ့တယ်။

မထင်မှတ်ပဲ သူမကထိုအမျိုးသားရဲ့ ရင်ဘတ်ကို ကန်မိသွားပြီး တစ်ခန်းလုံး သွေးနံ့တွေဖုံးလွှမ်းသွားတယ်။

“မင်း ဆက်အသက်ရှင်ချင်သေးရင် မလှုပ်နဲ့" အေးစက်စက် အမျိုးသားတစ်ယောက်၏ အသံကြားလိုက်ရတယ်။

Han Yunxi ဟာ သူမကိုယ်ပေါ်က ဓါးမြှောင်တစ်ခုရဲ့ ထိတွေ့မှုကြောင့် ငြိမ်သက်သွားတယ်။ ဒီလူက ဒဏ်ရာရ ထားရုံတင်မကဘူး အဆိပ်ပါ မိနေတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Kde žijí příběhy. Začni objevovat