အခန်း(၁၇၉)

1.4K 147 6
                                    

အခန်း(၁၇၉)

တားမြစ်နေရာ။  ကြောက်မက်ဖွယ် အဆိပ်။






ဆေးဝါးမြို့တော် မိသားစုကြီး သုံးစုဖြစ်သည့် Mu, Wang နှင့် Xie မိသားစုများတွင် Wang မိသားစုမှာ ပထမအဆင့်နှင့် အကြီးကျယ်ဆုံး မိသားစု ဖြစ်ခဲ့သည်။ သို့တိုင် ပြီးခဲ့သည့် နှစ်များအတွင်း Wang မိသားစု ယောကျာ်းလေး ဆက်ခံသူများမှာ ကျဆင်းလာပြီး Muမိသားစုမှာ အရည်အချင်းရှိသူ မြောက်များစွာ မွေးထုတ်လာနိုင်သည်။ ရလဒ်အနေဖြင့် Wang  မှာ Mu ၏ နောက်တွင် ကျန်ခဲ့တော့သည်။

Long Feiye မှာ ငယ်ရွယ်စဥ် ကျန်းဟူ၌ ခရီးသွားလာခဲ့ပြီး ဆေးဝါးမြို့တော်သို့ ရောက်ရှိခဲ့ဖူးသည်။ သူနှင့် Wang မျိုးနွယ် ခေါင်းဆောင်မှာ အလွန်အမင်း ရင်းနှီးသော မိတ်ဆွေများဟု သတ်မှတ်နိုင်ပြီး သူက ဆေးဝါးမြို့တော်၏ လက်ရှိ အဖြစ်အပျက်များအား နားလည်ထားသည်။ သေချာစွာပင် သူက Mu နှင့် Xie မိသားစုကြားမှ ကိစ္စများလည်း သိနေသည်။ သို့သော် လူအနည်းငယ်ကသာ သူက သိနေနိုင်ကြောင်း သတိပြုမိကြသည်။

နွေဦးအစောပိုင်းတွင် အအေးဓါတ် အနည်းငယ်ရှိနေသေးသော်လည်း Wang မိသားစုခြံဝန်းတွင် ပန်းများ ပြည့်နှက်အောင် ပွင့်နေပြီဖြစ်သည်။ မသိနားမလည်သူများမှာ ၎င်းတို့အား သာမာန်အပင်များဟု ယူဆသွားနိုင်သော်လည်း အတွေ့အကြုံရင့်ကျက်သူများမှာမူ ၎င်းအပင်များအားလုံးမှာ ဆေးပင်များဟု ပြောနိုင်သည်။ ဆေးဝါးမြို့တော်မှ ပန်းတစ်ပွင့်စီတိုင်းနှင့် မြက်တစ်ပင်တိုင်းသည် ဆေးပင်များသာ ဖြစ်သည်။ ခြံဝန်းထဲရှိ မဏ္ဍပ်ထဲတွင် Wang မိသားစု ခေါင်းဆောင် Wang Gong နှင့် Long Feiye မှာ မျက်နှာချင်းဆိုင်ကာ ထိုင်နေသည်။ တစ်ယောက်မှာ ဖြောင့်မှန်သော မသေမျိုးနှင့် ဆင်တူပြီး တစ်ယောက်မှာ ဆန်းကြယ်ကာ အေးစက်မှုများ ထုတ်လွှတ်နေသည်။ အဖြူနှင့် အနက်အား ကိုယ်ဆီ ဝတ်ဆင်ထားသည့် လူနှစ်ယောက်မှာ ခြံဝန်းထဲတွင် ပန်းချီကားချပ်ကဲ့သို့ပင်။

“မင်းက မင်းရဲ့ ဝမ်ဖေးကိုပါ ခေါ်လာတယ်လို့ ငါကကြားတယ်။မင်းက ဘာလို့ သူမကိုပါ ခေါ်မလာတာလဲ။" Wang Gong  မှာ အပြုံးဖြင့် မေးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now