အခန်း(၈၃)

1.7K 170 0
                                    

အခန်း(၈၃)

အထင်ကြီးလောက်စရာ…. ။  မတူညီသောပြစ်ဒဏ်များ (၁)

Han Yuqi မှာ အရာရှိ Ouyang နှင့် သခင်မXu ကြားတွင် အံ့သြတကြီးဖြစ်နေသည်။ သူတို့နှစ်ယောက်က ပြုစားခံလိုက်ရတာလား။ သူတို့က  Han Yunxi ကို ယဥ်ကျေးနေကြတယ်………..

“အမေ……..”  Han Yuqi မှာ ပါးစပ်ဖွင့်လိုက်သည်နှင့် သခင်မXu မှာ ထရပ်လိုက်ကာ ပြင်းထန်စွာ ကျိန်ဆဲတော့သည်။

“ နင်က အကောင်းအဆိုး မမြင်နိုင်တော့ဘူးလား။ နင့်ရဲ့ ခွေးမျက်လုံးတွေက ‘ထိုက်' တောင်ကို မမြင်နိုင်တော့ဘူးလား။ လေးစားရတဲ့ဝမ်ဖေးကို မြန်မြန်တောင်းပန်လိုက်။ နင့်အစ်မဖြစ်နေရင်တောင် ဒီလို နောက်ပြောင်နေလို့ရမလား။”

သူမက ဆုံးမပြီးနောက် အဓိပ္ပါယ်များစွာ ပါသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ကံမကောင်းစွာပင်  Han Yuqi မှာအသိတရားဝင်ရန် နှေးကွေးလွန်းစွာ အရိပ်အမြွက်အား မမြင်နိုင်ပေ။ သူက သူ့အမေအား ကြွက်သားပင် မလှုပ်ရှားနိုင်ပဲ သံသယများဖြင့် ကြည့်နေသည်။ သခင်မXu မှာ စိုးရိမ်တကြီးနှင့် ဒေါသဖြစ်နေကာ လျှောက်သွားလိုက်ပြီး နားရွက်ဆွဲလိုက်သည်။

“မသိတတ်တဲ့ကောင် ဒူးထောက်စမ်း။ နောက်ပြောင်စရာကို အများကြီးရှိတာကို နင့်အစ်မကို ဒီလိုနောက်ပြောင်နေရလား။ လေးစားရတဲ့ဝမ်ဖေးကို ခြိမ်းခြောက်တယ်ဆိုတာ ကြီးလေးတဲ့ ပြစ်မှုကြီးပဲ။ နင်က အရမ်းသေချင်နေရင် ဘယ်သူမှ မတားဘူး။”

“အ. နာတယ်…လွှတ်ပေး…လွှတ်ပေးဆို…”

သူက နာကျင်မှုကြောင့် ကိုင်းညွှတ်လာသည်အား အခွင့်ကောင်းယူကာ သခင်မXuမှာ နားတွင် တိုးတိုးပြောလိုက်သည်။ “ ကောင်စုတ်လေး ငါက သူမကို ဟာသလုပ်ချင်နေတယ်များ အောက်မေ့နေလား။ ကောလဟာတွေက အမှန်ပဲ။ Han Yunxi တကယ်ပဲ အိမ်ရှေ့စံကို ကယ်ပေးလိုက်တာလို့ နင့်အဘိုးက ပြောလိုက်တယ်။"

ဘာ……ကောလဟာလတွေက အမှန်ပဲ???????

Han Yunxi က အိမ်ရှေ့စံကို တကယ်ပဲကုပေးခဲ့တယ်။ အခုဆို သူမက ထူးခြားတဲ့အမှုထမ်းရွက်ခဲ့တဲ့သူ ဖြစ်နေပြီ။ Han Yuqi မှာ သူ၏ ခေါင်းအား အလေးတုံးဖြင့် ဆောင့်မိလိုက်သကဲ့သို့ ထိတ်လန့်သွားသည်၊ သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေပြင်သို့ ဒူးထောက်ကြသွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now