အခန်း(၃၅)

2.1K 197 0
                                    

အခန်း(၃၅)

အပြစ်ပေးခြင်း၊ မြေခွေးမှ ကျား၏ စွမ်းအား အသုံးပြုခြင်း။

 
Mu liuyue ၏ အကြောင်းမှာထုတ်ဖော်ခံလိုက်ရသည့်အခါ လူအုပ်မှာ ကြောင်စီသွားသည်။

“ငါ... အစ်ကိုကြီးအတွက် စိတ်ပူရုံပဲ။ ဒီလို အခြေအနေမှာ နင့်မှာ စိတ်ကောင်းရှိမယ်လို့ ဘယ်သူသိမှာလဲ။ နင့်...နင့်လို့ မိန်းမမျိုးက သဘောထားမသေးသိမ်သင့်ဘူး။"

“ကောင်မစုတ်လေး နင်ဘာလို့ပါးစပ်မပိတ်နိုင်သေးတာလဲ။"

ပြင်းထန်သော ဖုန်း ဆိုသည့်အသံဟာ Mu liuyue ၏ စကားသံများအားရပ်တန့်သွားစေသည်။

“အာ့.အဖေ ကျွန်မကို ရိုက်တယ်။" သူမလက်မောင်းမှာ Han Yunxi ထက်ပိုနက်သော ပြတ်ရှရာတစ်ခု ပေါ်လာသည်။

စစ်သူကြီးMu၏ ဒေါသက ကောင်းကင်ထိတက်သွားပြီ။ “ရိုက်တယ်။ ငါနင့်ကို ရိုက်တယ်။ ငယ်ပြီး ရိုင်းစိုင်းလွန်းတယ်။ ချင်ဝမ်ဖေးက စိတ်ရင်းနဲ့ ကူညီဖို့လာတာကို နင့်ခန့်မှန်းချက် အမှားတွေနဲ့  အကြိမ်တိုင်း ကာဆီးကာဆီးလုပ်နေတာ နင့်အစ်ကို အသက်ဆုံးရှုံးရတော့မလို့။ နင့်လို ခေါင်းမာတဲ့ ကောင်မလေးကို ငါမရိုက်သင့်ဘူးလား။"

ပြောရင်းပင် ကြာပွတ်နဲ့ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်တာကြောင့် Mu liuyue အရေပြားအောက်မှ သွေးထွက်လာသည်။ ကြောက်ရွံ့နေတဲ့ မိန်းကလေးဟာ သူမမျက်နှာအား လက်ဖြင့်ကာလိုက်ရင်း မျက်ရည်သုတ်လိုက်သည်။

“ကျွန်မကို မရိုက်နဲ့။ အဖေ ..ကျွန်မအမှားသိတယ်။အဟင့်..ဟင့်။ နောက်မလုပ်ရဲတော့ဘူးလို့။ မလုပ်ရဲတော့ဘူးဆို။"

စစ်သူကြီးMu ဟာ ကြာပွတ်အား သိမ်းလိုက်ပြီး Han Yunxi ရှေ့၌ ဒူးထောက်လိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး ဒီအမှုထမ်းအိုကြီးက သားရဲ့ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" သူက ခေါင်းနှင့်မြေကြီးထိလိုက်ပြီး “ ဝမ်ဖေးကို အပြစ်တင်မိပါတယ်။ ဒါက ပြစ်ဒဏ်ခံရနိုင်တဲ့ ရာဇဝတ်မှုပါ။ ချင်ဝမ်နဲ့ ချင်ဝမ်ဖေး ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now