အခန်း(၇၉)

1.7K 173 0
                                    

 အခန်း(၇၉)

သဲလွန်စက တိကျရမယ်။

မတူညီတဲ့ မြွေဆယ်ကောင်ဆီက အဆိပ်ထုတ်ယူ စုဆောင်းရန် တကယ့်ကို ခက်ခဲပေမယ့် ဆယ်ကောင်ထဲက အနည်းငယ်ကတော့ ရှာတွေ့ဖို့ အတော်လေး လွယ်ကူတယ်။

“စစ်သူကြီးMu မြွေဆိပ်ဆယ်မျိုးထဲမှာ ခုနစ်မျိုးက ဆေးတွေမှာ တော်တော်များများ တွေ့ရတယ်။ သူတို့ကို ဆေးဆိုင်ကြီးတွေမှာ ဝယ်လို့ရနိုင်တယ်။ ကျန်တဲ့ မြွေဆိပ်သုံးမျိုးကတော့ ရှားတယ်။ တကယ်လို့ ကျွန်မတို့က စစ်သူကြီးငယ်ကို အဆိပ်ခတ်တဲ့လူက သူ့ဘေးက လူတွေထဲကတစ်ယောက်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ရန်သူ့အတွင်းလူက အဆိပ်ဖော်စပ်ဖို့ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် လောက်တည်းက မြွေဆိပ်ဝယ်ခဲ့လိ့မ်မယ်။ ပြည့်စုံသွားတဲ့ အဆိပ်သက်တမ်းက တစ်ရက်ပဲ ရှိတယ်။"

တစ်ရက်!!!!!

Han Yunxi ၏ စကားများက စစ်သူကြီးMuအား တောင့်တင်းသွားစေသည်။ သည်နေရာတွင် အရေးကြီးသော သဲလွန်စများပါဝင်နေသည်။ စစ်သူကြီးMu မှာ ဝမ်းသာအားရဖြင့် “ ချင်ဝမ်ဖေး ကျေးဇူးပြုပြီး မြွေဆိပ်ဆယ်မျိုးကို ရေးထားပေးခဲ့ပါ။ ကျွန်တော်တို့က ချက်ချင်းပဲ စုံစမ်းလိုက်ပါ့မယ်။"

Han Yunxi ၏ ထိုစကားများသည် စစ်သူကြီးMu သားအဖအား ဝမ်းသာအားရဖြစ်သွားစေသော်လည်း Mu Liuyue မှာ ရူးမတတ်ဖြစ်သွားသည်။ သူမ၏ လောင်းကြေးမှာ ကြီးမားသော်လည်း ရန်သူ့အတွင်းလူရှာဖွေသည်နှင့် နှိုင်းယှဥ်လျှင် ဘာမှ မဟုတ်တော့ချေ။ သစ္စာဖောက်မှာ သူတို့ရာထူးပိုင်းတွင် တစ်ရက်ရှိနေလေ စစ်သူကြီး Mu နှင် Mu Qingwu မှာ အန္တရာယ်များလေဖြစ်သည်။ ထိုကိစ္စမှာ မြောက်ဘက်Li တိုင်းပြည် သူလျှိုနှင့်လည်းဆက်စပ်နေနိုင်ပြီး ဂရုတစိုက်ကိုင်တွယ်ရန်လိုအပ်သည်။

Mu Qingwu မှာ သူ၏ အမြင်တွင် Mu Liuyue အား ကြာမြင့်စွာ အမြင်ကတ်နေပြီ ဖြစ်သောကြောင့် သူမအား သင်ခန်းစာ ပေးချင်နေသည်။ စစ်သူကြီးMu မှာ အတွင်းလူအား ရှာဖွေရန် အရေးကြီးနေပြီး ထိုကိစ္စများအား ဂရုစိုက်ရန် အချိန်မရှိပေ။ ထိုကိစ္စများမှာ နောက်ပိုင်းမှ ဆွေးနွေးလည်းဖြစ်သည်။ Han Yunxi မှာ မြွေဆိပ် ခုနစ်မျိုးအား ရေးပေးလိုက်ပြီး သုံးမျိုးအား ချန်ထားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now