အခန်း(၆၁)

1.8K 170 4
                                    

အခန်း(၆၁)

အမျိုးသမီးများကြားမှ ပြိုင်ပွဲ။

Han Yunxi မှာ ထိုအတွေးများဖြင့် သက်တောင့်သက်သာခံစားလိုက်ရပြီး အခြားတစ်ဖက်တွင် ထိုင်ကြည့်ရန် ပြင်လိုက်သည်။

ဝမ်ရယ် ချန်ချီက အရှင့်သားရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေမယ်။

ဆေးလုံးမိစ္ဆာအရှင်မှာ အမိန့်ပေးပြီးနောက် Duanmu Baiye အား လှောင်ပြုံးဖြင့်ကြည့်လိုက်သည်။ ထို့နောက် “ အရှင့်သား ချင်ဝမ် ဒါက တစ်ယောက်ဆီက သင်ယူနိုင်တဲ့ အခွင့်အရေးပဲလေ။ အလေးအနက်မထားပါနဲ့။"

သူက စကားဆုံးသည်နှင့် အခန်း၏ အခြားတစ်ဖက်သို့ ရွေ့သွားပြီး တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်များမှာ ချင်ဝမ်ထံ ကျရောက်သွားပြီး ထိတ်လန့် မျှော်လင့်မှုများ ရောနေသည်။ Long Feiye ၏ အေးစက်သော အကြည့်များက Duanmu Yao လက်ထဲရှိ သေတ္တာထံ ရောက်သွားပြီး အမူအရာမှာ အနိုင်ယူရန် ဆုံးဖြတ်ထားပုံရသည်။ သူက လျတ်တပျက်ပင် Duanmu Yao ၏ ဘေးသို့ရောက်သွားသည်။

ဒီကောင် တကယ်လုဖို့ ဆုံးဖြတ်ထားတာပဲ။

Han Yunxi မှာ လန့်သွားသော်လည်း အလျင်အမြန် ထိန်းလိုက်သည်။ သူမ အမှန်တကယ်အော်ဟစ်ကာ အားပေးချင်နေပြီ။ Long Feiye က အသက်သွေးဆေးလုံးအတွက် လုပ်နေမှန်း သူမသိပေမယ့် သူမကို ပျော်ရွှင်စေတုန်းပဲ။

ဘယ်သူက အဲ့ဒီ စီနီယာအစ်ကိုကြီး ဂျူနီယာညီမလေး ကိစ္စကို စိတ်ဝင်စားလို့လဲ။

သူမ မြွေချောက်က ကိစ္စကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

Duanmu Baiye ကော Duanmu Yao ကောမှာ အဖြစ်အပျက်များ ဤသို့ ပြောင်းလဲသွားမည်ဟု မထင်ထားပေ၊၊ Duanmu Yao မှာ နောက်သို့လျင်မြင်စွာဆုတ်လိုက်ပြီး သူမ၏ မျက်လုံးထောင့်များမှာ နီရဲလာသည်။ အတိတ်တွင် စီနီယာအစ်ကိုကြီးမှာ သူမအား တစ်ခါမျှပင် ဂရုမစိုက်ခဲ့သော်လည်း သူ၏ အေးစက်သော စရိုက်ကြောင့်ပင်။ ထိုနှစ်များတွင် သူမထံမှ တစ်ခုခုအား လုယူခြင်းလည်း မရှိခဲ့ပေ။ ယနေ့တွင် သူက Han Yunxi အတွက် လုယူရန် ဆန္ဒရှိနေသည်။ သူမထံမှ လုယူ၍ Han Yunxi အား ပေးရန် ကြိုးစားနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora