အခန်း(၉၅)

1.5K 165 0
                                    

အခန်း(၉၅)

မထင်မှတ်ထားသော မြွေဆိပ်၏ အံ့သြဖွယ် ထွက်ပေါ်လာခြင်း။

Han Yunxi မှာ စကားမစခင် အေးအေးဆေးဆေးပင် လက်ဖက်ရည်တစ်ခွက်သောက်လိုက်သည်၊၊ “အဖေက အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှန်ပဲ မှာခဲ့တာရှိတယ်။" ထိုစကားများကြားလျှင် ခုနစ်ယောက်မြောက်မဒမ်မှာ ခေါင်းမော့လာပြီး မျက်ခုံးများကျုံ့ကာ စိုးရိမ်နေဟန် ပေါ်လာသည်။ မဒမ်Liမှာ တည်ငြိမ်စွာရှိနေပြီး Han Ruoxue မှာ သခင်မXu ကဲ့သို့ နှိုင်းပြစရာမရှိအောင် စိတ်လှုပ်ရှားနေသည်။

Han Yuqi မှာ အပြင်းထန်ဆုံးပင်ဖြစ်ကာ ထုတ်မေးလာသည်။ “ဘာကိစ္စလဲ။"

“ကိစ္စကြီးပဲ။" Han Yunxi မှာ လေးနက်သော လေသံအဖြစ် ပြောင်းသွားသည်။  Han Yuqi မှာ ပို၍ တုန်လှုပ်လာကာ မှန်ကန်ကြောင်း အတည်ပြုရန်ပင် မေ့သွားပြီး အလျင်စလို ရှေ့တိုးကာ မေးလိုက်သည်။

“ ဘာကိစ္စကြီးလဲ။"

“အဖေက သိုလှောင်ရုံသော့ကို ငါ့လက်ထဲမှာ ကာကွယ်ထားပေးဖို့ ပြောခဲ့တယ်။ သင့်တော်တဲ့ အိမ်တော် ခေါင်းဆောင်ပေါ်လာရင် လွှဲပေးမယ်။ ဒီကြားထဲမှာ သခင်လေးတွေ နဲ့ သခင်မလေးတွေက ဆေးပညာကို ပိုပြီးလေ့လာရမယ်။ ပစ္စည်းတွေ အတွက် ပြိုင်ဆိုင်တာ သိပ်မရှိပါစေနဲ့။"

ထိုအချိန်မှာတော့ Han Yuqi ၏ အကြည့်များမှာ အေးစက်သွားကာ ဒေါသတကြီး အော်လိုက်သည်။ “မဖြစ်နိုင်ဘူး။ နင်လိမ်နေတာ..။"

အဖေက ဘာလို့ ဒီလိုလုပ်ရမှာလဲ။

Han Yunxi က သူအကျဥ်းချ ခံရတဲ့ အကြောင်းအရင်းပဲ။ အဲ့ဒါမပါရင်တောင် ဒီအကြီးဆုံးသခင်မလေးက တစ်ချိန်က သူအမုန်းဆုံးသူပဲ။ အဖေက အိမ်တော်ခေါင်းဆောင် ခန့်အပ်ဖို့ အစီအစဉ်မရှိသေးဘူး ဆိုရင်တောင် သူက Han Yunxi ကို ပေးခဲ့မှာ မဟုတ်ဘူး။ သူမမှာ ဘာအခွင့်အရေး ရှိလို့လဲ။

“လေးစားရတဲ့ဝမ်ဖေး ဒီစကားတွေက သက်သေမရှိပဲ ပြောဖို့ မသင့်တော်ပါဘူး။" သခင်မXu ၏ လေသံမှာလည်း အေးစက်လာသည်။

Han Ruoxue ကလည်း သည်းမခံနိုင်တော့ဘူး။ သူမ အတွက်တော့ Han Yunxi ရဲ့ စကားတွေက ဟာသတွေလိုပဲ။ “လေးစားရတဲ့ဝမ်ဖေး ဒီလို နောက်ပြောင်တာက မရယ်ရပါဘူး။ ဝမ်ဖေးက တရားရုံးတော်နဲ့ ဆက်သွယ်ပြီး လူတိုင်းကို အဖေနဲ့ တွေ့ခွင်ပေးခဲ့ရင်ကော ဘယ်လိုပါလဲ။ ကျွန်မတို့က ဝမ်ဖေးကို ယုံကြည်ပေမယ့် ကျန်တဲ့ မျိုးနွယ်ဝင်တွေက ယုံပေးမှာ မဟုတ်ဘူး။" သူမစကားများက နာကျင်လာနိုင်အောင် ပြတ်သားနေသော်လည်း ဒီတစ်ကြိမ်တွင် မဒမ်Liက မတားတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now