အခန်း(၆၃)

1.8K 172 2
                                    

အခန်း(၆၃)

အသုံးမကျတဲ့အမှိုက်မှ သဘာဝတရားကြီးအား တွန်းလှန်ခြင်း။

 

Han Yunxi မှာ ခြံဝန်းမှ ထွက်ခွာရန် စိတ်ကူးမရှိသည်အား မြင်လျှင် ဆေးလုံးမိစ္ဆာမှ သံသယများမှာ ပို၍ ကြီးထွားလာသည်။ အဆုံးတွင်မူ သူက သူမ ထို အပင်သုံးမျိုးအား ရှာတွေ့နိုင်သည်ဟု မယုံကြည်နိုင်သေးပေ။ သူက ဦးနှောက်ထဲတွင် အပြင်းအထန် တွေးတောလိုက်ပြီးနောက် ထိုအပင်သုံးမျိုးမှာ ခြံဝန်းတွင် ရှိနေကြောင်း သတိရသွားသည်။ ဘယ်လောက်ဥာဏ်ကောင်းတဲ့သူပဲဖြစ်ဖြစ် သူတို့က ဒီမှာရှာဖို့ ချက်ချင်းတွေးမိမှာမဟုတ်ဘူး။ ပြီးတော့ Han Yunxi က အပင်တွေဒီမှာ ရှိတယ်လို့ သံသယဝင်နေရင်တောင် သူမရှာတွေ့ဖို့လိုသေးတယ်။

ဆေးလုံးမိစ္ဆာ၏ အတွေးများမှာ ရွေ့လျားနေပြီး အကြည့်မှာတော့ Long Feiye လက်ထဲရှိ စာရွက်သို့ ကျရောက်သွားသည်။ Han Yunxi က ဖွင့်တောင်မကြည့်ခဲ့ဘူး။ တကယ်လို့သူမက အပင်တွေဒီမှာ ရှိတယ်လို့ စဥ်းစားမိရင်တောင် ရှာတွေ့ဖို့အချိန်လိုတယ်။ သူမ အကုန်လုံးရှာတွေ့မယ်ဆိုတာလည်း အာမမခံနိုင်ဘူး။ ဆေးလုံးမိစ္ဆာမှာ စိတ်သက်သာရာရလာသည်။ သူက သူရဲ့အပင်ရွေးချယ်မှာ ယုံကြည်မှုအများကြီးရှိတယ်။ သူက နတ်ဆိုးတမျှအပြုံးများ မျက်လုံးထဲတွင် လက်သွားရင်း အမူအရာမရှိသော Long Feiye အား နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူဘယ်လောက်မောက်မာနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်။ တကယ်လို့  Han Yunxi က ဆေးပင်တွေရှာဖို့ သုံးရက်ထက်ကျော်သွားရင် သူက ဆေးအတွက် လိမ်လိမ်မာမာနဲ့ တောင်းပန်ရလိမ့်မယ်။

သို့သော် ဆေးလုံးမိစ္ဆာမှာ တိတ်တခိုးအားရနေစဥ် သူ၏ကျောဘက်မှ စပ်ဖျဥ်းဖျဥ်းခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်လျှင် သူက ရယ်မောရိပ်များပြည့်နေသော Han Yunxi ၏ မျက်လုံးများအား တွေ့လိုက်ရသည်။ သူက အနည်းငယ် တောင့်တင်းပြီး အံ့သြသွားသည်။ သူမ၏ လှပသောမျက်ဝန်းများက ပတ်ပတ်လည်အား ကြည့်ရှုနေပြီး သူမ၏ နက်မှောင်သော မျက်ဆံများသည် သူ၏ ညာဘက်အနောက်ရှိ ကျောက်တုံးလှေကားထစ်လေးတွင် ရပ်တန့်သွားသည်။ ထိုလှေကားထစ်များတွင် ရေညှိများ အထပ်လိုက်ပေါက်နေပြီး ဘေးတွင် ခွေးမြီးမြက်အုံကြီး ရှိနေသည်။ ဆေးလုံးမိစ္ဆာမှာ Han Yunxi ၏အကြည့်များ ကျရောက်သွားသည့်နေရာအား လိုက်ကြည့်လိုက်ပြီး နှလုံးရပ်မတတ်ဘေးမှ သီသီလေးရှောင်ရှားလိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now