အခန်း(၁၀၀)

1.7K 172 10
                                    

အခန်း(၁၀၀)

လွှမ်းမိုးခြင်း။ သူ့ရဲ့ လူများထဲမှ တစ်ယောက်။

Han Yunxi မှာ သတိဝင်လာပြီးနောက် ဓါတ်လိုက်ခံရသည့် လူတစ်ယောက်ကဲ့သို့ သူမ ခြေထောက်များအား စကတ်အောက်သို့ ပြန်သွင်းလိုက်သည်။ သူမက Long Feiye ၏ မျက်လုံးများအား နောက်တစ်ကြိမ်ကြည့်လိုက်ချိန်တွင် သူမ မျက်နှာမှာ နီရဲနေသည်။

ဒီကောင်က သူမကို အနေအထိုင်မတတ်ဘူးလို့ တွေးနေတာ….. ဒါမှမဟုတ် သူမက သူ့ကို တမင် မြူဆွယ်ဖို့ ကြိုးစားနေတယ်လို တွေးနေတာတော့ မဟုတ်လောက်ဘူးမလား။

ကိစ္စတွေ အများကြီး ရှိတဲ့ထဲကမှ……သူမ မျက်နှာပျက်ရပြန်ပြီ!!!!!!

“ဝမ်ရယ်.. ချန်ချီက ကိုယ်တိုင် ဆေးလိမ်းနိုင်ပါတယ်။ ဘာလို့ အရင် အပြင်မထွက်နှင့်တာလဲ။" Han Yunxi မှာ သူမ ပါးစပ်ဖွင့်နိုင်ရန်ပင် ခက်ခဲစွာ ကြိုးစားလိုက်ရသည်။

သို့ရာတွင် Long Feiye မှာ ထွက်မသွားချေ။ ထိုအစား သူက ထိုင်ခုံအား ဆွဲယူလိုက်ပြီး သူမ ရှေ့တွင် ထိုင်ကာ လင်နမင်လိမ်းဆေးအား ကိုယ်တိုင်ကိုယ်ကျ ဖွင့်လိုက်သည်။

သူက သူမကို ဆေးလိမ်းပေးမလို့လား။

သူ၏ အမူအရာအား ပြန်စဥ်းစားလိုက်ပြီးနောက် သူမ  မသက်မသာ ခံစားလိုက်ရကာ အားယူ ပြုံးလိုက်သည်။ “ဝမ်ရယ် .. ကျွန်မ.. ကိုယ့်ဘာသာ လုပ်နိုင်တယ်။"

“လေးစားရတဲ့ဝမ်ဖေးက ဖိနပ်ကော ခြေအိတ်ကော ချွတ်ပြီးသွားမှတော့ မင်းရဲ့ အရှင်ကလည်း သဘာဝကျကျ ပြုစုပေးရမှာပေါ့။" Long Feiye ၏ အေးစက်သောအသံတွင် ထေ့ငေါ့ခြင်းများ ပါဝင်နေသည်။

သူမ ဘယ်လိုပဲ နားထောင် နားထောင် Han Yunxi ဟာ ထိုလေသံမှာ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ ဒါ့အပြင် ဒီလူက သူမကို ကိုယ်တိုင် ဆေးလိမ်းပေးတဲ့ အထိ စဥ်းစားပေးမယ်လို့ သူမ မယုံဘူး။ သူက ဂရုမစိုက်ပဲ အားသုံးပြီး သူမကို နာပြီး သေအောင်လုပ်မလို့ မဟုတ်ဘူးလား။

“ဝမ်ရယ် ကျွန်မတို့က ခင်ပွန်းနဲ့ ဇနီး ဆိုပေမယ့် … ပေ့မယ်..ပေမယ့်..” Han Yunxi မှာ တွေဝေနေပြီးမှ ထပ်ပြောလိုက်သည်။ “ဝမ်ရယ် မိန်းမနဲ့ ယောကျာ်းက တရင်းတနှီး မနေသင့်ပါဘူး။ ဝမ်ရယ်က အရင် အပြင်ထွက်သွားသင့်ပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now